အပိုင်း (၅၆)

242 7 0
                                    


"လေ..ပန်း..နှင်းနဲ့ လတဲ့လား.."

ရှစ်ဖုန့်မှာ စိတ်ဝင်တစားဖြစ်နေရာမှာ ထိုစကားလုံးများအား ကြားလိုက်ရသောအခါတွင် နှာကစ်သွားရသည်။

ချင်ယူဖန်းအနေဖြင့် ယခင်က တပည့်များ ခေါ်ယူရန် ပြောကြားဖူးသည်ကို သူတစ်ခုမှမကြားခဲ့ဖူပေ။

၎င်းမှာသူသေဆုံးခဲ့ရသော ဆယ့်ငါးနှစ်တာကာလအတွင်း အဖြစ်အပျက်များ ဖြစ်ရမည်။

နတ်ဆိုးသားရုဲမြို့တော်။

နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်ဒေသမှာ နတ်ဆိုးသားရဲများနှင့် ပြည့်နှက်၍နေသော်လည်း​ ပထဝီဝင်ကျသော ပြဿနာများ ရှိနေသောကြောင့် အရမ်းကိုအန္တရယ်လည်းများလှသည်။

ထို့အပြင်နတ်ဆိုးသားရဲတောင်တန်း၌ စိတ်ဝိညာဉ်သစ်ပင်များနှင့် စိတ်ဝိညာဉ်သစ်သီးများ လည်းပေါကြွယ်ဝသည်။

ထို့ကြောင့်လည်း နတ်ဆိုးသားရဲတောင်တန်းမှာ ဆေးဝါးဖော်စပ်သူများ၊သန့်စင်အဂ္ဂရိတ်ပညာရှင်များနှင့် ဆေးဝါးကုန်သည်များကို ဆွဲဆောင်လျှက်ရှိသည်။

ဖြတ်သွားဖြတ်လာများ၏ စကားများကိုနားထောင်ပြီး လနတ်သမီးဟုခေါ်သောသူ၏ အမည်မှာ ယွဲ့ဝူရွှမ်းဖြစ်သည်ကိုသိလိုက်ရသည်။

သူမမှာ နိုင်ငံအနှံ့ကျော်ကြားသော အလှပဂေးလေးတစ်ယောက်ဖြစ်လေသည်။

ထိုအရာကရှစ်ဖုန့်အား စိတ်ဝင်စားမိစေပြီး စပ်စုချင်စိတ်ကို ဖြစ်စေမိသည်။

သူ့​အနေဖြင့် သူ၏ မြေးတပည့်များမျက်နှာကို မြင်တွေ့ချင်သည်။

ချင်ယူဖန်းမှာ သူ၏ စိတ်ဝိညာဉ်ဆေးပင်များ အပေါ်တွင်သာ ဂရုစိုက်တတ်သည်ကို ရှစ်ဖုန့် မှတ်မိနေဆဲဖြစ်သည်။

သူက မိန်းမလှများထက် ထို အဖိုးအနဂ္ဂထိုက်တန်လှသော ဆေးပင်များ အပေါ်တွင်သာ စိတ်ဝင်စားသည်။

လမ်းမထက်တွေင် ချင်ယူဖန်းနှင့်သူ၏ တပည့်လေးယောက်ဟူသော အကြောင်းအရာက ငြိမ်သက်နေသော ကန်ရေပြင်အတွင်းသို့ ခဲတစ်လုံးပစ်ချလိုက်သလို ဂယက်ရိုက်သွားသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now