ရှစ်ဖုန့်ကသူ၏ လက်ထဲရှိ သွေးဓားအား ကြည့်လိုက်ပြီးနောက် ပြန်လှည့်၍ ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်အား ကြည့်လိုက်သည်။
ဤသွေးဓားက ကောင်းကင်ဘုံရေခဲ ဝိညာဉ်တောင်ထွတ်နှင့် ပက်သက်ပြီး တစ်စုံတစ်ခု အာရုံလှုံ့ဆော်မှု ရှိနေပုံရသည်ကို ရှစ်ဖုန့် သဘော ပေါက်မိသည်။
"ဒါပေမဲ့..ဒီသွေးဓားရဲ့လက်နက်ဝိညာဉ်က အရာခပ်သိမ်းရဲ့ မူလဇစ်မြစ် ရဲ့ ဖျက်ဆီးပစ်တာကို ခံခဲ့ရတာမဟုတ်ဖူးလား.."
ရှစ်ဖုန့်က မျက်မှောင်ကြုတ်ကာ သွေးဓားအား စိုက်ကြည့်နေသည်။
ရှစ်ဖုန့်မှာ သွေးဓား၏ လက်နက် ဝိညာဉ်ရှိမရှိကို ဂရုတစိုက် အာရုံခံလိုက်သည်။
"လက်နက်က တစ်ခုခု ဖြစ်ခဲ့တာလား.."
"ဒီအံ့ဖွယ် လက်နက်ကို ဒီလိုပြုမူအောင် ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်ပေါ်က ဘာကများ လုပ်ခဲ့တာလဲ.."
ရှစ်ဖုန့်က ကောင်းကင်ဘုံရေခဲဝိညာဉ်တောင်ထွတ်အား ထပ်မံကြည့်ကာ တိုက်ကြီးတစ်ခုလုံးပေါ်ရှိ နံပါတ်တစ်ရေခဲ တောင်ထွတ်အား ဖြတ်သန်း ကြည့်ရှုချင်မိသကဲ့သို့ အတွေးနက်နေမိသည်။
ကျောက်ဟူမှာ ရှစ်ဖုန့် လျှောက်လှမ်းနေရာမှ ရပ်တန့်လိုက်သည်ကို သတိပြုမိလိုက်သည်။
ရှစ်ဖုန့်အနေဖြင့် ကောင်းကင်ဘုံ ရေခဲ ဝိညာဉ်တောင်ထွတ်အား ကြည့်ကာ အတွေးနက်နေပုံပေါ်သည်။
ရှစ်ဖုန့်၏ လက်ရှိအခြေအနေကို ကြည့်ကာ ကျောက်ဟူက ဝင်စွတ်ဖတ်ခြင်း မရှိပဲ ဘေးတွင် တိတ်တိတ်လေး ရပ်နေ၏။
ရုတ်တရက် ရှစ်ဖုန့်မှာ သူ၏ ရှေ့ဘက်ဆီမှ သူ့ထံသို့ ထူးဆန်းသော စွမ်းအားတစ်ခုက တစ်ဟုန်ထိုးလာနေသည်ကို ခံစားလိုက်ရသည်။
မကြာခင် အားနည်းလှသော အသံတစ်ခုက ရှစ်ဖုန့်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မြင့်မြတ်သော ဓားကို ကိုင်ဆောင်တဲ့ သွေးပန်းခက် မိသားစုကဆင်းသက်လာသူ သင်နောက် ဆုံးတော့ ငါ့ကိုလာကယ်ပြီပေါ့.."
ESTÁS LEYENDO
ငရဲဘုံကိုးခု ဧကရာဇ်
Acciónငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...