အပိုင်း(၃၆)

249 9 0
                                    


ထိုအချိန်တွင် ရှစ်ဖုန့်က ဖက်တီး ဝမ့်ပြောခဲ့သော စန်းယွဲ့မြို့၏ မြောက်ဘက် မိုင်သုံးဆယ်အကွာတွင် ​​ရှိနေသော ရှေးဟောင်း အမွေအနှစ်ထံသို့ ဦးတည်နေသည်။

ယင်မိစ္ဆာ၏ အဖြစ်အပျက်အပြီးတွင် ရှစ်ဖုန့်မှာ အစွမ်းကြီးလာရန် ပိုလိုအပ်လာသည်။

ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်က သူ့အားပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ထို့ကြောင့် ယင်မိစ္ဆာမှာ တစ်ဝက်သေ သကဲ့သို့ ဖြစ်သွားရသည်။

အကယ်၍ များ နောက်တစ်ကြိမ် ဖြစ်လာခဲ့လျှင်..

နောက်တစ်ကြိမ်တွင် တစ်စုံတစ်ယောက်က သူ၏ မိသားစုဖြစ်သော သူ၏ ညီမလေး ရှစ်လင်နှင့် သူ့၏ အမေ ပုယွဲ့အား ပစ်မှတ်ထားခဲ့လျှင် ရော မည်သို့ဖြစ်မည်နည်း။

ခွန်အားတစ်ခုတည်းကသာ ရန်သူအားလုံးအား ​နင်းခြေပစ်နိုင်သော အရာဖြစ်သည်။

ကလန်လေးခု၏ စိတ်ဝိညာဉ်ခေါင်းဆောင်များ ပြောကြားချက်အရ ၎င်းတို့၏ မိသားစုကလန်များမှ သိုင်းပညာရှင်ပေါင်းများစွာမှာ ရှေးဟောင်း အမွေအနှစ်အတွင်းသို့ နှစ်ပေါင်းများစွာ ချိုးဖြတ်မဝင်ရောက်နိုင်ဟုဆို၏။

၎င်းအတွင်းတွင် ရတနာများနှင့်အတူ အန္တရာယ်များလည်း ရောထွေးပါဝင်နေပုံရသည်။

အန္တရာယ်များသော နေရာ တစ်ခုမှာ သိုင်းပညာရှင်များအတွက် လေ့ကျင့်ရန်နှင့် လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားအား ချိုးဖြတ်ရန်အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။

ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံသိန်းငှက်က စန်းယွဲ့မြို့အား ဖြတ်၍ ပျံသန်းလာခဲ့သည်။ဆင်းသက်ရန်နေရာသို့ ရောက်ရှိရန်အတွက် မိုင်သုံးဆယ်ခန့် ပျံသန်းခဲ့ရသည်ဟု ရှစ်ဖုန့် ခန်းမှန်းမိသည်။

ထိုအချိန်တွင် နေမင်းမှာလည်း ထွက်ပေါ်လာပြီဖြစ်ပြီး ကောင်းကင်မှာလည်း တောက်ပလာပီဖြစ်သည်။

ခေါင်းနှစ်လုံး အစိမ်းရောင်တောင်ပံ သိန်းငှက်က ကျက်တီးမြေတစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now