အပိုင်း(၁၁၀)

49 3 0
                                    


သူတို့၏ အဖော်ရှေ့၌ ရှစ်ဖုန့်မည်ကဲ့သို့ပေါ်လာသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။

ယင်းမှာ ထိုသူအနေဖြင့် ဘယ်နေရာကမှန်းမသိ ပေါ်လာပြီး ရွှေရောင်ချပ်ဝတ်အစောင့်မှာ သတိထားမသောအချိန်တွင် သူ့ရှေ့၌ လူတစ်ယောက်ရောက်ရှိနေပြီဖြစ်သည်။

ရှစ်ဖုန့်က သူ၏ ညာလက်ကို လွဲယမ်းလိုက်ပြီး ရွှေရောင်ချပ်ဝတ်အစောင့်အား လွင့်ပျံတက်သွားစေသည်။

ထို့နောက်သူက သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်၍ ပြောလိုက်သည်။

"ငါ့ဆီကို အတူတူလာခဲ့ကြ"

"ဘာတွေဖြစ်နေတာလဲ...ဘာလို့အပြင်ဘက်မှာ အရမ်းဆူညံနေရတာလဲ"

ထိုအချိန်တွင် ရွှေရောင် နဂါးတစ်ကောင်ပုံထွင်းထုထားသော ရွှေရောင်တံခါးကရုတ်တရက် ပွင့်လာပြီးတုတ်ခိုင်သော ပုံရိပ်တစ်ခုကထွက်လာသည်။

"သခင်လေးဖုန့် ရောက်လာပြီပဲ .."

တုတ်ခိုင်သော ပုံရိပ်မှာ တံခါးကို ဖွင့်လိုက်ပြီးနောက် သိပ်မဝေးလှသောနေရာမှ ရှစ်ဖုန့်ကို မြင်တွေ့လိုက်သည်။

သူ၏မျက်လုံးတို့ ပြူးကျယ်သွားကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

ထိုလူမှာ စန်းယွဲ့ မြို့ပြင်ရှိ အမွေအနှစ်အား ရှစ်ဖုန့်နှင့်အတူတကွ ဝင်ရောက်ခဲ့သော ကျောက်ဟူပင်ဖြစ်သည်။

ကျောက်ဟူ ရှစ်ဖုန့်ထံသို့ ခြေလမ်းအနည်းငယ်လျှောက်လှမ်းလာပြီးသော အခါတွင် လေထုမှာ မူမမှန်မှု ရှိနေသည်ကို သူရုတ်တရက်သဘောပေါက်လိုက်မိသည်။

အထူးသဖြင့် သူ့အနေဖြင့် သိပ်မဝေးလှသောနေရာတွင် လဲနေသော သူကို တွေ့လိုက်ရသောအခါတွင်ဖြစ်သည်။ သူကချက်ခြင်းသူ့ဘေးရှိ ရွှေရောင်ချပ်ဝတ် ဝတ်အစောင့်ကိုမေးလိုက်သည်။

"စုန့်ရှ ....ဘာတွေဖြစ်နေတာလဲ"

"ကျောက်...တပ်မှူးကျောက်....ကျွန်တော်တောင်းပန်ပါတယ် သူက တပ်မှူးရဲ့ မိတ်ဆွေမှန်း ကျွန်တော်တို့ မသိလို့ပါ"

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now