အပိုင်း(၁၀၈)

47 3 0
                                    

ကိုလူထွားနှစ်ယောက်မှာ ယင်ဟွေ့၏ စကားတို့အား ကြားလိုက်ရသောအခါတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ စိတ်ထဲတွင် ဒေါသထွက်နေကြသော်လည်း ဘာမှတော့ပြောရဲခြင်းမရှိကြချေ။

ယင်ဟွေ့မှာ ကြယ်တစ်ပွင့် ဘုရင်နယ်ပယ် အဆင့်တစ်ယောက်ဖြစ်သည်။

သူ၏အဆင့်အတန်းနှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာတို့မှာထိုဆရာသခင်နယ်ပယ် နှစ်ယောက်အတွက် နှိုင်းယှဉ်၍ မရသော အရာပင်ဖြစ်သည်။

ကျောက်ကျစ်ရှင်း၏ မျက်နှာထက်တွင် စိတ်မရှည်မှုတို့ ရှိနေသည်။

သူကလက်ကို ဝေ့ယမ်းကာ ယင်ဟွေ့ကို ပြောလိုက်သည်။

"ဒါက ဒီသခင်လေးမှာ သင့်တော်တဲ့ သူတစ်ယောက်ကို ရှာမတွေ့သေးလို့ပဲ....အသုံးမကျတဲ့ သူတွေကိုက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျ ဖယ်ရှားပစ်မယ်....လောလောဆယ်တော့ ဒီသခင်လေးအနေနဲ့ မင်းရဲ့ အကူအညီကို လိုအပ်နေသေးတယ်"

"ဒီလိုဆိုရင်ရော.....

"နောက်ဆုံးတစ်ခေါက်တုံးက မင်းအနေနဲ့ ဒီသခင်လေးဆီက လမ်းညွှန်ကျောက်တုံးကို မျက်စိကျနေတာ မဟုတ်လား....ဒီတစ်ကြိမ် ဒီသခင်လေးကို ကူညီလိုက် ...ငါတို့ပြန်ရောက်တဲ့ အခါမှာ မင်းကို ဒီသခင်လေးက အဲ့တာကို ဆုလာဘ်အနေနဲ့ ပေးမယ်"

"အပေးအယူဖြစ်တယ်"

ယင်ဟွေ့က ပြုံးလိုက်ပြီး ခေါင်းကိုမော့၍ ရှစ်ဖုန့်ကို ကြည့်လိုက်သည်။

"မင်းရဲ့ ဒန်တန်ကို မင်းကိုယ်တိုင် ခွဲချင်လား ဒါမှမဟုတ် ငါခွဲပေးတာကို မင်းလိုချင်လား"

ယင်ဟွေ့၏ လေသံက သာမန်ကာလျှံကာ ပုံစံသာဖြစ်သော်လည်း ဘယ်သိုင်းသမားအတွက်မဆို ဤစကားလုံးက အရမ်းကို ရက်စက်လွန်းသည်ဟုပြောနိုင်သည်။

သိုင်းပညာရှင်တို့အတွက် ၎င်းတို့၏ ဒန်တန်မှာ သူတို့၏ အခြေခံအုပ်မြစ်ဖြစ်သည် ဟုပြောနိုင်သည်။

သူတို့၏ ဒန်တန်သာကွဲကြေသွားရလျှင် သူတို့၏လက်ကျန်တစ်ဘဝလုံး၌ ကျင့်ကြံခြင်းကို ပြုလုပ်ဖို့အတွက် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပဲ ဒုက္ခိတတစ်ယောက်အဖြစ်သာ နိမ့်ပါးနေထိုင်သွားကြရလိမ့်မည်ဖြစ်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now