"ဖုန့်ရှစ်"
ရှစ်ဖုန့်ကပြောလိုက်သည်။
လင်းယန်က အနည်းငယ်ခေါင်းညိမ့်ပြပြီးနောက် ရှစ်ဖုန့်ကိုပြောလိုက်သည်။
"ဒီအသက်အရွယ်လေးနဲ့...မင်းဟာ ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်ကိုရောက်နေပီ မင်းရဲ့ကျင့်ကြံမှုနဲ့ နှလုံးသားကို ထိန်းညှိနိုင်လာတာနဲ့အမျှ မင်းရဲ့အနာဂတ်ဟာလည်း အကန့်သတ်မဲ့ ဖြစ်လာလိမ့်မယ်.."
လင်းယန်က ထိုသို့ပြောကာ သူမ၏ သိုင်းတာအို ဆရာကဲ့သို့သော အသွင်အပြင်ကိုလှစ်ဟာပြထားသည်။
"ခင်ဗျားမှန်ဖို့ ကျုပ်မျှော်လင့်ပါတယ်"
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်မှာ ဤအမျိုးသမီး သူ၏နောက်တွင်ရပ်နေကတည်းက ဒဏ်ရာများနှင့် ကျင့်ကြံမှုတို့အား ကုသမှုပြီးသွားခဲ့သည်ကို ခံစားမိပြီးဖြစ်သည်။
သူလှည့်၍သူမအားကြည့်လိုက်သော အခါတွင် သူမ၏ နှစ်လိုဖွယ်အသွင်အပြင်မှပျောက်ကွယ်သွားပြီး သူမ၏ပင်ကိုစရိုက်မှာ ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။
သူတို့နှစ်ဦးမှာတူညီသောအဆင့်တစ်ခုတွင် ရှိမနေသကဲ့သို့ အင်ပါယာနယ်ပယ်တစ်ယောက်၏ အထက်စီးဆန်မှုမျိုးဖြစ်ပေါ်နေသည်။
ယင်းမှာ ထျန်းဟန်တိုက်ကြီးပေါ်တွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာဖြစ်သည်။
လူတစ်ယောက်အနေဖြင့် အခြားသူများ၏ တန်တူညီတူဆက်ဆံခရမှုကိုလိုချင်လျှင် ထိုလူအနေဖြင့် သူ၏ ခွန်အားစွမ်းအားတို့မှာ တစ်ခြားသူများနှင့် အတူတူပင်ဖြစ်နေရမည်ဖြစ်သည်။
"မင်းဒီနေရာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မွေးဖွားလာလဲ့တဲ့ ချော်ရည်မြေမီးတောက်အတွက် လာခဲ့တာမလား.."
လင်းယန်က ရှစ်ဖုန့်အားမေးလိုက်သည်။
"အင်း
ရှစ်ဖုန့်ကပြောလိုက်သည်။
ဤအမျိုးသမီးလည်း ချော်ရည်မြေမီးတောက်အကြောင်းအား သိနေသောကြောင့် ရှစ်ဖုန့်အနေဖြင့်ဖုန်းကွယ်ထားရန် မလိုဟုခံစားမိသည်။
ESTÁS LEYENDO
ငရဲဘုံကိုးခု ဧကရာဇ်
Acciónငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...