ရွှေရောင်ချပ်ဝတ် စစ်သည်၏ ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့် လီလျိုရှင်းနှင့် ငရဲဝံပုလွေတို့မှာ ရှေ့သို့ချီတက်လာခဲ့ကြသည်။
ထိုအချိန်တွင် ရှစ်ဖုန့်အနေဖြင့် ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအိမ်တော်မှလူများ ဤတောအုပ်အတွင်း၌ လီလျိုရှင်းပုန်းအောင်းနေကြောင်းကို သိရသည့် အကြောင်းပြချက်မှာ ကောင်းကင်ဘုံလေဂိုဏ်းဘက်၌ နတ်ဆိုးသားရဲများနှင့် ဆက်သွယ်ခြင်းပိုပြုလုပ်နိုင်သော သားရဲထိန်းတစ်ယောက် ရှိနေခြင်းကြောင့်ဖြစ်ကြောင်းကိုသိလိုက်ရသည်။
ဤတောအုပ်၏ အစပ်၌ နတ်ဆိုးသားရဲများစောင့်ကြပ်နေကြောင်းကိုလည်း ရှစ်ဖုန့်သိခဲ့ရသည်။
ကျင်းဖမ်းအရှင်သခင်က စစ်သည်တစ်သိန်းအား ဤ ရေခဲနှင့်နှင်းကုန်းမြေသို့ ဝင်ရောက်ရန်အမိန့်ပေးခဲ့ပြီး ဤတောအုပ်အားဝန်းရံ၍ ပြင်းထန်စွာ တောအုပ်အတွင်း ချီတက်ရန်ပြင်ဆင်ထားသည်ကိုလည်းသိလိုက်ရသည်။
ဤနေရာအား အင်ပါယာနယ်ပယ်နှစ်ဦးက စောင့်ကြပ်နေသည်။
ယင်နှင်းပန်းကိုရယူပြီးလျှင်တောင်မှ ဤနေရာမှ လွတ်မြောက်နိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟုပြော၍ရသည်။
ရွှေရောင်ချပ်ဝတ် စစ်သည်က ရုတ်တရက်သူ့လမ်းကြောင်းကို ရပ်တန့်လိုက်ပြီး ရှေ့ကိုညွှန်ပြလိုက်သည်။
"ဆရာ..အဲ့တာကအရှေ့မှာပါပဲ...အဲ့တာက ဒီကနေဆိုရင် မီတာ တစ်ရာ အကွာအဝေးမှာ ရှိပါတယ်.."
"အတူတူသွားကြစိူ့"
ရှစ်ဖုန့်၏ လေသံမှာ ငြင်းဆန်ရန် ခွင့်မပြုသော အသံမျိုးဖြစ်သည်။
သူ့အနေဖြင့် ရွှေရောင်ချပ်ဝတ်စစ်သည်တော်၏ ရည်ရွယ်ချက်ကိုနားလည်သည်။
ထိုနေရာ၌ စွမ်းအားကြီး နတ်ဆိုးသားရဲရှိနေပြီး သူ့အနေဖြင့် သူ့အသက်အား ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသည်။
သို့သော် ရှစ်ဖုန့်အနေဖြင့် ၎င်းအားထိုနေရာသို့သွားရန်ပြောရခြင်းမှာ တစ်ခြားသော ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။
STAI LEGGENDO
ငရဲဘုံကိုးခု ဧကရာဇ်
Azioneငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...