အပိုင်း(၂)

517 18 0
                                    

ယခင် ဧကရာဇ် ကျိုးယိုသည် ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးပေါ်တွင် အထွဋ်အထိပ်အဖြစ် တည်ရှိခဲ့သည်။

အတွေးတစ်ချက်ဖြင့်ပင် လူသန်းပေါင်းများစွာ၏ အသက်တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

သူ၏ ရှေ့တွင် ရှိနေသော အဆင့်နှစ် မန္တရားသန့်စင်သူ ကို ထည့်မပြောနှင့် ထျန်းဟမ် တိုက်ကြီးတစ်ခုလုံးတွင် ယခုချိန်ထိတိုင်အောင် မန္တရား သန့်စင်မှု ဆရာသခင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုနိုင်သော အဆင့်ရှစ် မန္တရားသန့်စင်သူ ဆရာသခင် ဖြစ်နေလျှင်ပင် သူသည်သူတို့ထဲမှ ငါးဦးအား သတ်ပစ်ခဲ့ဖူးသည်။

ထျန်းဟမ် တိုက်ကြီးပေါ်တွင် သိုင်းလောက အဆင့်က်ိုးဆင့်ရှိသည်။ယင်းတို့မှာ...

သိုင်း စစ်သည်တော်...

သိုင်း ဆရာသခင်....

သိုင်း စိတ်ဝိညာဥ်...

သိုင်း ဘုရင် ...

သိုင်း အင်ပါယာ ...

သိုင်း ဘိုးဘေး ....

သိုင်း သူတော်စင် ...

သိုင်း သူတော်စင်ကြီး....

သ်ိုင်း ဧကရာဇ်တို့ဖြစ်ကြသည်။

(မှတ်ချက်-E subအရာ ထပ်နေတာတွေပါလို့အဆင်ပြေသလိုလေးထည့်ပြန်ထားပါတယ် နောက်ပိုင်းအပိုင်းတွေမှာ E subမှာ သိုင်းအဆင့်နမည်တွေ ပြောင်းလျှင် လိုက်ပြောင်းမည်ဖြစ်ပါကြောင်း ကြိုအသိပေးပါတယ်ဗျ)

သန့်စင်ပညာရှင် အဆင့်မှာလည်း အဆင့်တစ်မှ ကိုးအထိရှိပြီး အဆင့်ကိုး ဧကရာဇ်အဆင့် သန့်စင်ပညာရှင်များက်ိုမူ ရှေးခေတ် ဒဏ္ဍာရီများ၌သာ တွေရသည်။

လမ်းမကြီး၏ ဘေးနှစ်ဖက်နှစ်ချပ်လုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

ဒီ...ဒီကောင်လေးကကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှု​ကို အမှန်တကယ် နားမလည်ဘူးပဲ...

ဟူး...အခုတော့သူ့ကိုတစ်ယောက်မှ မကယ်တင်နိုင်တော့ဘူး...

သူ​ပဲသေ သွားခဲ့ရင် အဆင်ပြေမှာဆိုပေမဲ့..သူမိသားစုတစ်ခုလုံးကတော့ သူနဲ့အတူ မြေမြှုပ်ခံရတော့မှာပဲ..

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now