အပိုင်း (၉၂)

62 5 0
                                    


"ဟားဟားဟား..ယုတ်ညံ့တဲ့ တိရိစ္ဆာန် နောက်ဆုံးတော့ မင်းကြောက်ရကောင်းမှန်းသိပြီလား.."

"အရမ်းနောက်ကျသွားပြီ.."

ရှစ်ဖုန့်က မီးအရှင်သခင်၏ လူသားတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ထိန့်လန့်နေမှုကို ငုံ့ကြည့်ရင်း ကျယ်လောင်စွာရယ်မောလိုက်သည်။

"ငရဲကို လစ်လိုက်တော့.."

ရှစ်ဖုန့်၏ ညာလက်က ဓားတစ်ချောင်းကဲ့သို့ အောက်သို့ ပြောင်းလဲညွှန်ပြလိုက်သည်။

သူ၏ခေါင်းထက်တွင်လွင့်မျောနေသော ဧရာမ "ယို" ဟူသော စာလုံးကြီးက စတင်၍လှုပ်ရှားလာသည်။

၎င်းမှာ ကြီးမားသော ဧရာမတောင်တစ်လုံးက မီးအရှင်သခင်၏ အပေါ်သို့ ဖိကျလာသကဲ့သို့ဖြစ်သည်။

"ဂါး..ဂီး..ဂါး....ဂါး......ဂါး.."

"ဂီး...ဂါး...ဂါး..ဂါး...ဂါး"

မီးအရှင်ခင်က သူ၏ အပေါ်ရှိဖိကျလာသော "ယို" ဟူသော စဝာလုံးအားကြည့်ကာ ကြောက်စိတ်မွှန်စွာဖြင့် အော်ဟစ်နေသည်။

၎င်း၏ပုံစံမှာ ယခင်ကရှိခဲ့သော ကြီးစိုးမှု အထက်စီးဆန်မှု ကိုယ်နေဟန်ထားသဘောထားတို့ ရှိမနေတော့ပေ။

"ငါမင်းကို ရုန်းကန်ရင်ဆိုင်ခွင့်ပြုလိုက်ပါ့မယ်.."

ရှစ်ဖုန့်က သူ၏ လက်တို့အား နောက်တွင်ပစ်ထားပြီး ကျရောက်လာနေသော တိုင်ခိုက်မှုကို စိတ်ကျေနပ်သော အမူအယာဖြင့် စိုက်ကြည့်နေသည်။

သူ့အနေဖြင့် ဤစွမ်းအားကြီးတိုက်ခိုက်မှုအတွက် တစ်နေ့နှင့်တစ်ညလုံးကြိုးစားအားထုတ်ခဲ့ရ​ပြီး ကမ္ဘာဦးကျောက်တုံး တစ်ဒသမငါးသန်းခန့်ကိုလည်း သုံးစွဲခဲ့ရသည်။

သို့သော် သူ့အနေဖြင့် အဆင့်ခြောက်ဘိုးဘေးနယ်ပယ် နတ်ဆိုးသားရဲအား သတ်ဖြတ်ပစ်နိုင်ပြီး ၎င်း၏ သွေး၊ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအားတို့အားစုပ်ယူနိုင်ခဲ့ကာ ချော်ရည်မြေပီးတောက်အား ရရှိခဲ့မည်ဆိုလျှင် ထိုအရာများအား လုပ်ကိုင်သုံးစွဲရသည်က ထိုက်တန်မှုရှိသည်။

"ဂါး..ဂါး...ဂါး..ဂါး.."

ဖိကျလာသော "ယို" ဟူသော စကားလုံးက မီးအရှင်သခင်နှင့် နီးကပ်လာသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now