အစိမ်းရောင် အဆိပ်ချိုင့်ဝှမ်းသို့ဦးတည်နေသော တောင်လမ်းလေးပေါ်တွင် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြသော မိစ္ဆာဝံပုလွေကြေးစားအဖွဲ့သားများက မိစ္ဆာဝံပုလွေတို့က စီးကာ ရှေ့မှ ဦးဆောင်သွားနေကြသည်။
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းအား မိစ္ဆာဝံပုလွေပေါ်တွင်စီးစေပြီး သူတို့၏ နောက်မှလိုက်လာသည်။
ခရီးလမ်းတစ်ဝက်အရောက်တွင် တောင်လမ်း၌ အစ်ိမ်းရောင် အဆိပ်ချိုင့်ဝှမ်းမှ လွင့်မျောလာသော အစိမ်းရောင်အဆိပ်တို့ဖြင့် ပြည့်နေသည်။
သို့သော် ယွဲ့ဝူရွှမ်းအနေဖြင့် နတ်ဆိုးသားရဲတောင်တန်း အတွင်းသို့ မဝင်ရောက်ခင်ကတည်းက အစ်ိမ်းရောင်အဆိပ်ချိုင့်ဝှမ်း၏ တည်ရှိမှုကို သိရှိထားပြီးဖြစ်သောကြောင့် သူမအနေဖြင့် အဆိပ်ဖြေဆေးလုံးတို့အား ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် သူတို့တောင်လမ်း၌ရှိစဉ်ကတည်းက ယွဲ့ဝူရွှမ်းက လူတစ်ယောက်ချင်းစီတိုင်းနှင့် မိစ္ဆာဝံပုလွေတို့အား ဆေးလုံးများကို ပေးထားခဲ့သည်။
ဆေးလုံးများကိုဝါးမြိုပြီးနောက်တွင် အဆိပ်မြူများကြားတွင် လျှောက်လှမ်းနေကြသော်လည်း မည်သူမျှ အဆိပ်မိကြခြင်း မရှိကြတော့ပေ။
"မင်းရဲ့ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ဒီအစိမ်းရောင် အဆိပ်ချိုင့်ဝှမ်းနဲ့ ပက်သက်ပြီးတော့ ဘယ်လောက်သိထားလဲ.."
ရှစ်ဖုန့်က သူ့ဘေးရှိ အထီးကျန်ဝံပုလွေဟု ခေါ်သောသူကို မေးလိုက်သည်။
အထီးကျန်ဝံပုလွေမှာ ပိန်သွယ်သော သူဖြစ်ပြီး လေးနက်သော အမူအယာအသွင်အပြင်ရှိသည်။
သူ၏ သေခြင်းရှင်ခြင်းမှာ ရှစ်ဖုန့်၏ လက်ထဲ၌ရှိနေသည်။
ရှစ်ဖုန့်၏ မေးခွန်းအား ကြားလိုက်ရသော အခါတွင်သူက အရှိတိုင်းဖြေကြားလိုက်၏။
"ဒါက အစိမ်းရောင်အဆိပ်ချိုင့်ဝှမ်းက အစိမ်းရောင် အဆိပ် ရွှံ့ညွန်နေရာပဲ.."
"ဒီနေရာမှာက နှစ်ပတ်လည် အဆိပ်မြူတွေနဲ့ ပြည့်နှက်နေတယ်.."
"ဒီနေရာမှာ နေထိုင်ကျတ်စားတဲ့ နတ်ဆိုးသားရဲတိုင်းကလည်း အဆ်ိပ်ရှိသတ္တဝါတွေကြီးပဲ.."
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...