"ငရဲဘုံကိုးခု ပညာရပ်... စုပ်ယူခြင်း.."
ရှစ်ဖုန့်က အော်လိုက်ကာ ဦးတည်ချက်ဘက်ပေါင်းစုံမှတလိပ်လိပ်တက်လာသော မီးခိုးနက်ရောင် ယင်ချီများအား စုပ်ယူလိုက်သည်။
သူ၏ ဘယ်ဘက်လက်မောင်းတွင်ကား ယွဲ့ဝူရွှမ်းအား တင်းကျပ်စွာပွေ့ဖက်ထား၏။
"ဘန်း.."
ရှစ်ဖုန့်က မြေပြင်ပေါ်သို့ သူ၏ ညာခြေဖြင့် စောင့်နင်းလိုက်ကာ ပြန်တွန်းကန်ပေါက်ကွဲမှု အဟုန်ဖြင့် ရှေ့သို့ ဦးတည်သွားသည်။
"ငရဲဘုံကိုးခုဓားပညာရပ်"
သွေးဓားမှာ ဖြူဖျော့သော အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ရှစ်ဖုန့်၏ တစ်ကိုယ်လုံးနှင့် ဓားတို့မှာ မျဉ်းဖြောင့်တစ်ကြောင်းကဲသို့ ရှေ့သို့ ဦးတည်ထွက်သွား၏။
ရှစ်ဖုန့်၏ ရှေ့တွင် ရှိနေသော အရိပ်ဝံပုလွေ ခြောက်ကောင် ခုနှစ်ကောင်ခန့်၏ ကိုယ်တို့မှာ အပိုင်းပိုင်းဆုတ်ပြတ်သွားပြီး ၎င်းတို့၏ သွေးများ၊ကိုယ်လက်အင်္ဂါများနှင့် ခေါင်းတို့မှာ နေရာအနှံ့သို့ ဖွာကနဲလွင့်စင်ထွက်သွားသည်။
ရှစ်ဖုန့်၏နောက်တွင် သူ့အား တိုက်ခိုက်လိုက်သော ဝံပုလွေတို့မှာ ပစ်မှတ်ကိုလွဲချော်သွားပြီး လှည့်ကာ ရှစ်ဖုန့်၏ နောက်သို့ ဆက်လက်၍လိုက်ဖမ်းကြသည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ သူ၏ ခြေလှမ်းကွက်နှင့် ငရဲဘုံကိုးခုဓားပညာရပ်အား အသုံးပြုနေသည်။
သူ၏ ရှေ့တွင် ရှိနေသော ဝံပုလွေများက စူးစူးဝါးဝါး ဒေါသထွက်စွာဖြင့် ဆွဲဆွဲငင်ငင် ဆက်လက် အော်ဟစ်နေကြ၏။
လူတစ်ယောက်နှင့်ဓားတစ်ချောင်းတို့က ဝန်းရံထားမှုအလယ်မှ ထိုးဖောက်နေကြသည်။
"သတ်စမ်း.."
ရှစ်ဖုန့်၏ ပါးစပ်မှ သတ်ဟူသော အသံထပ်မံ၍ထွက်ပေါ်လာပြီး ဝံပုလွေအများအပြားအား တစ်ဆက်တည်း သတ်ပစ်လိုက်သည်။
ရှစ်ဖုန့်မှာ ဝန်းရံထားမှုအား ချိုးဖောက်နေခြင်းဖြစ်ပြီး သူ၏ ငရဲဘုံကိုးခု စွမ်းအင်က်ို အဆက်မပြတ်လှည့်ပတ်လိုက်ကာ ၎င်း၏ ခြေဖဝါးအောက်တွင် ထပ်မံ၍ စုစည်းလိုက်သည်။
VOCÊ ESTÁ LENDO
ငရဲဘုံကိုးခု ဧကရာဇ်
Açãoငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...