အပိုင်း (၇၅)

205 5 0
                                    


အစိမ်းရောင် အဆိပ်စိမ့်​မြေတွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမား ဆယ့်ငါး​ယောက်မှာ သွေးများပေရေနေကြပြီး ဆက်လက်စောင့်ဆိုင်းနေကြသည်။

ရှစ်ဖုန့်ထွက်ခွာသွားခဲ့သည့်မှာ နာရီအပိုင်းအခြားတစ်ခုခန့်ရှိနေပြီဖြစ်ပြီး သူတို့ပတ်လည်ရှိမြေပြင်ပေါ်တွင် အဆိပ်ရှိသော အင်းစက်ပိုးကောင်များ၊အဆိပ်သားရဲတို့၏ အလောင်းများဖြင့် ပြည့်နှက်နေသည်။

သိုင်းသမားသုံးယောက်မှာ အဆိပ်သားရဲများကြောင့် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရထား၏။ မိစ္ဆာဝံပုလွေနှစ်ကောင်မှာလည်း မြေ​ပြင်ပေါ်တင် တိတ်ဆိိတ်စွာ လဲလျောင်းနေပြီးသူတို့မှာသေဆုံးသွားပြီးဖြစ်ပုံရသည်။

"အကိုကြီး ကောင်းကင်ဝံပုလွေ သွားတာကြာနေပီဆိုတော့ အဲ့ကလေး သေသွားပီလို့ထင်လား.. "

သိုင်းပညာရှင်တစ်​ယောက် ရှစ်ဖုန့်ခုန်ချသွားသော တွင်းပေါက်ကြီးအား ကြည့်ရင်းကောင်းကင်ဝံပုလွေကို မေးလိုက်သည်။

"သူသေသွားပါစေလို့ ငါလဲဆန္ဒရှိတယ်.."

ကောင်းကင်ဝံပုလွေက ပြောလိုက်သည်။

"အဲ့တာဆိုငါတို့ အားလုံး လွတ်လပ်သွားလိမ့်မယ်.. ဒါပေမဲ..အဲ့ကလေးရဲ့ နည်းစနစ်တွေက မရိုးရှင်းဘူး..သူလွယ်လွယ်နဲ့ သေမယ်လို့တော့ ငါမထင်ဘူး..."

"ဟူး..."

ထိုသိုင်းပညာရှင်က သက်ပြင်းချကာပြောလိုက်သည်။

"အစတုံးက အဲ့ဒီ့အချိန်မှာ ကျုပ် နတ်ဆိုးသားရဲမြို့ထဲက ဖန်းယွဲ့ ဆောင်ကြာမြိုင်မှာ လက်ဖက်ရည်သောက်နေခဲ့တာ.."

"အစာသွပ်မုန့်လေးစားရင်း...ဖန်းယွဲဆောင်ကြာမြိုင်ရဲ့ မိန်းမလှလေးတွေကို ပျော်ပါးဖို့ မေးမြန်းနေတာ.."

"ဒီလိုမျိုး ကံဆိုးသူမောင်ရှင် အခြေအနေမျိုးနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ကျုပ်တစ်ခုမှ မမျှော်လင့်ထားခဲ့ဘူး..."

"ဟယ်ရွှယ်ကသေပြီ.."

"အနာဂတ်မှာ ကျုပ်တို့တွေ နတ်ဆိုးသားရဲမြို့တော်ကို သေချာပေါက် ပြန်လို့ မရတော့ဘူး..အားလုံးရောရှေ့ဆက်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ.."

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now