အပိုင်း (၉၄)

63 5 0
                                    

ရှစ်ဖုန့် ကြယ်ခုနှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်အဆင့်တုံးက သူ့အနေဖြင့် ငရဲဘုံကိုးခု ဆီးတံဆိပ်လေးခုအား အသုံးပြု၍ ကြယ်သုံးပွင့် အင်ပါယာတစ်ယောက်အား သတ်ဖြတ်နိုင်သည်။

သို့သော် သူဘုရင်နယ်ပယ်သို့ ရောက်ရှိလာသောအခါ၌ ကြယ်တစ်ပွင့်သာထက်တိုးတော့သည်။သူယခုကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်သို့ ရောက်ရှိသည်တောင် သူသာ အံ့ဖွယ်ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား အသုံးပြုခဲ့လျှင် ကြယ်လေးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ကိုသာ သတ်နိုင်ပြီး ထို့နောက်တွင် သူ၏ ကိုယ်အတွင်းရှိစွမ်းအင်တို့မှာ ကုန်ခမ်းလာမည်ဖြစ်သည်။ထိုထက်ပိုသည်ကား ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို အသုံးပြုပြီး အဆင့်လေးအင်ပါယာနယ်ပယ်တစ်ယောက်အား တိုက်ခိုက်လျှင် ဝိညာဉ်စွမ်းအားတော်တော်များများ ကုန်ဆုံးမည်ဖြစ်သည်။အကယ်၍ ပြိုင်ဘက်ကလည်းကျင့်ကြံမှုနှစ်ခုကိုပြုလုပ်ထားပြီး ၎င်း၏ ဝိညာဉ်စွမ်းအားက အဆင့်နှစ် အဆင့်သုံးထက် မြင့်နေခဲ့လျှင် ရှစ်ဖုန့်မှာ သူအတွက် အနိုင်ရရှိဖို့ အရမ်းကိုခက်ခဲလိမ့်မည်ဖြစ်၏။ရေခဲနှင့်နှင်း ကုန်းမြေပေါ်၌ လူတစ်ယောက်အနေဖြင့်နှင်းများဖုံးလွှမ်းနေသော ကုန်းမြေ၏ အဆုံးသတ်ကို မြင်တွေ့နိုင်မည်မဟုတ်ပေ။ကောင်းကင်တစ်ခွင် လေပြင်းတို့က ပြင်းထန်သော နှင်းမုန်တိုင်းတစ်ခုကျနေသကဲ့သို့ ကုန်းမြေတစ်ခုလုံးအား ဖြတ်သန်းတိုက်ခိုက်နေ၏။ဤနေရာတွင် သစ်ပင်၊ပန်းပင်၊ကျောက်တုံး၊တောင်ကုန်း သို့မဟုတ် မြေပြင်ဟူ၍ ထည့်သွင်း​စဉ်းစားနေ၍မရပေ။ဤနေရာ၌ရှိနေသော အရာအားလုံးအား ထူထဲသော ဆီးနှင်းလွှာတို့က ဖုံးအုပ်ထားပြီးဖြစ်သည်။ဤသည်မှာ အလွန်အမင်းကျယ်ပြောပြီး အကန့်အသတ်မရှိသော ရေခဲနှင့် နှင်း ကမ္ဘာတစ်ခုပင်ဖြစ်သည်။ဤနေရာ၌ ရှင်သန်နေထိုင်ရပ်တည်နိုင်သော သက်ရှိများမှာလည်း ရေခဲနှင့်နှင်း အမျိုးအစား နတ်ဆိုးသားရဲများသာဖြစ်သည်။ရှစ်ဖုန့်က ဝံပုလွေအား စီးနင်း၍ဝင်ရောက်လာခဲ့သည်။အစောပိုင်းကချစ်ချစ်တောက်ပူနေခဲ့ရာမှ ရုတ်တရက် အလွန့်အလွန်အေးစိမ့်မှုတို့အဖြစ် ပြောင်းလဲသွားပြီး ရှစ်ဖုန့်နှင့်ဝံပုလွေတို့အား မီးနှင့်ရေခဲ၏ ခံစားချက်အတွေ့အကြုံတို့ကို အမှန်တကယ် ခံစားခွင့်ပြုခဲ့သည်။သို့သော် ရှစ်ဖုန့်မှာ အဆင်ပြေနေသေးဆဲဖြစ်သည်။သူသည် အစကတည်းက သာလွန်ထူးကဲသော ယင်နှင့်အေးစက်မှု ပညာရပ်ဖြစ်သည့် ငရဲဘုံကိုးခု ပညာရပ်ကိုကျင့်ကြံထားသူဖြစ်ပြီး ကောင်းကင်မီးတောက်မှာလည်း ယင်ဓာတ်အခြေပြုဖြစ်သည်။ရှစ်ဖုန့်က အေးစက်သောလေနှင့်နှင်းတို့ကို မျက်နှာချင်းဆိုင်ပြီး လေအေးတို့ကို ရှူရှိုက်သွင်းကာ သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာ၏ အငွေ့အသက်တို့ကိုခံစားနေသည်။ သူ့အနေဖြင့် ဘာအဆင်မပြေသောအရာကိုမှမခံစားရပေ။ထိုအစား တော်တော်လေးပင် သက်တောင့်သက်သာဖြစ်သည်ဟုခံစားရသည်။အဆင့်သုံးရေခဲငှက်တစ်ကောင်မှာ ဟင်းလင်းပြင်ထဲတွင် အနားယူနေစဉ် ဝေဟင်ထက်၌ ရှစ်ဖုန့်နှင့် ပျံသန်းလာသော ဝံပုလွေတို့ကို မြင်တွေ့လိုက်ရသည်။အဆင့်လေနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော ဝံပုလွေ၏ ဖိအားအား အရုံခံမိလိုက်သောအခါတွင် ၎င်းမှာ အတောင်တို့အား တစ်ဖျတ်ဖျတ်ခပ်၍ အလျှင်အမြန် ထွက်ပြေးသွားသည်။"ဟက်ချိုး.."ရုတ်တရက် ရှစ်ဖုန့်မှာ သူ့အောက်ရှိ ဝံပုလွေ၏ ကျယ်လောင်စွာ နှာချေသံကိုကြားလိုက်ရသည်။ ဝံပုလွေ၏ ကိုယ်မှာတုန်ယင်နေသည်ကိုပင်ခံစားမိနိုင်၏။၎င်းမှာ ဤကမ္ဘာ၏ အအေးဓာတ်နှင့် အသားမကျဖြစ်နေသည်မှာ သိသာ၏။"အသုံးမကျတဲ့ကောင် မင်းအနေနဲ့ အဆင့်လေးအဆင့်ကိုတက်လှမ်းပြီးတဲ့နတ်ဆိုးသားရဲတစ်ကောင်ဖြစ်နေတာတောင် အအေးဓာတ်ကို ကြောက်နေသေးတယ်.."ရှစ်ဖုန့်က ဝံပုလွေအား ပြစ်တင်ဆုံးမနေသည်။ထို့နောက်သူက ကောင်းကင်မီးတောက်၏ စွမ်းအင်အစအနကို ထုတ်လွှတ်လိုက်ပြီး မိစ္ဆာဝံပုလွေကိုလွှမ်းခြုံစေ၍ အအေးဓာတ်အား ခုခံနိုင်ရန်ကူညီပေးလိုက်သည်။သူတို့အနေဖြင့် ရေခဲနှင့်နှင်း ကုန်းမြေပေါ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။အတွင်းပိုင်းသို့ရောက်လာလေ အပူချိန်မှာ ပိုမို၍ ကျဆင်းလာလေဖြစ်သည်။"ရှေ့ကိုမြန်နှုန်း အပြည့်နဲ့သွား"ရှစ်ဖုန့်ကအမိန့်ပေးလိုက်သည်။တစ်ချိန်တည်းမှာပင် သွေးဓားက သူ၏ လက်ထဲတွင်ပေါ်လာ၏။သူ၏လမ်းကြောင်းအား ပိတ်ဆို့ရဲ့သည့် နတ်ဆိုးသားရဲမှန်မျှမှာ အပိုင်းပိုင်း ဖြစ်ရလိမ့်မည်ဖြစ်သည်။မီးတောက်နယ်မြေအတွင်းတွင် လောလောဆယ်၌ ပျံသန်းနိုင်သော နတ်ဆိုးသားရဲ အကောင်းငါးဆယ်ကျော်က ​ဝေဟင်ဟင်းလင်းပြင်တစ်ခွင်ကိုသိမ်းပိုက်ထားသည်။၎င်းတို့အားလုံးမှာ အဆင့်လေးများဖြစ်ကြသည်။ဤ မိစ္ဆာဝံပူလွေတို့အား နှစ်ဖွဲ့ ပိုင်းခြားထား၏။တစ်ဖွဲ့မှာ ဧရာမ အစိမ်းရောင်တောင်ပံ လင်းနို့များဖြစ်ကြပြီး ၎င်းတို့ပါးစပ်၏ ထောင့်နှစ်ဖက်၌ ထက်ရှသောအစွယ်ကြီး နှစ်ချောင်းစီ ပိုင်ဆိုင်ထားကြသည်။၎င်း၏ ကိုယ်မှတောက်ပသော အစိမ်းပုပ်ရောင်တို့ကို ထုတ်လွှတ်နေသည်။နောက်ထပ်နတ်ဆိုးသားရဲတစ်ဝက်မှာမူ ကျင်းလင်း ယခင်ကစီးနင်းခဲ့သော နတ်ဆိုးသားရဲနှင့်တူညီသည့် နတ်ဆိုးသားရဲများဖြစ်ကြသည်။၎င်းတို့အားလုံးမှာ ရွှေရောင် လင်းယုန်များဖြစ်သည်။နတ်ဆိုးသားရဲငါးဆယ်ကျော်၏ အပေါ်၌ သိုင်းသမားတစ်ယောက်စီရှိကြသည်။ဤသိုင်းပညာရှင်များ၏ အဆင့်နိမ့်ဆုံး ကျင့်ကြံမှုနယ်ပယ်မှာ ဘုရင်နယ်ပယ်ဖြစ်၏။ခေါင်းဆောင်နှစ်​ယောက်၏ ရောင်ဝါမှာကား အင်ပါယာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ဤနှစ်ယောက်မှာ ကောင်းကင်ဘုံလေဂိုဏ်း၏ ဒုခေါင်းဆောင် ဖြစ်သူဖုန်လောဟန် နှင့် ကျင်းဖမ်းအိမ်တော်၏ ကျင်းဖမ်းအရှင်သခင်တို့ပင်ဖြစ်သည်။"ဖုန်လောဟန် ...မင်းလွှတ်လိုက်တဲ့ လူက ယုံကြည်ရတာလား မယုံကြည်ရတာလား..အရမ်းကြာနေတာတောင် ဘာလို့ပြန်မလာသေးတာလဲ.."ကျင်းဖမ်းအရှင်သခင်က ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ ရွှေရောင် ဝတ်ရုံမှာ ​ချစ်ချစ်တောက်ပူနေသော လေပူတို့နှင့်အတူ တလိပ်လိပ်ထနေ၏။သူသည်အံ့ဖွယ်ကောင်းသောသူဖြစ်ပုံရသည်။သူသည်ဆံပင်ဖြူတို့နှင့် အသက်ရှစ်ဆယ်အရွယ်နားနီးကပ်နေပီဖြစ်သော်လည်း သူ၏ မျက်နှာအရ ထိုအသက်အရွယ်ခန့်ရှိနေ​ပီ​ဟူသော လက္ခဏာတစ်စက်လေးမျှရှိမနေချေ။သူ၏မျက်နှာကစိုပြည်ကာနီကြင်ကြင်နှင့်ပြင်းထန်မာန်ပါမှုတို့ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ ဒေါသအမျက်ချောင်းချောင်းထွက်မှု၊ရန်လိုမှုတို့နှင့်ပြည့်နေသည်။လီလျိိုရှင်းပြောခဲ့သလိုပင် သူ့အနေဖြင့် စစ်မြေပြင်၌ ဆယ်စုနှစ်များစွာဖြတ်သန်း အချိန်ကုန်လွန်ခဲ့​သူဖြစ်သည်။သူသက်လတ်ပိုင်းအရွယ်မှသာ သားတစ်ယောက်ဖြစ်သော ကျင်းလင်းကိုရရှိခဲ့၏။သူ၏မျှော်လင့်ချက်၊မျှော်မှန်ချက် အားလုံးနီးပါးအား ကျင်းလင်း၏ အပေါ်တွင်သာ ပုံအပ်ထားခဲ့သည်။သို့သော်သူ၏တစ်ဦးတည်းသောသား မျှော်လင့်ချက်အားလုံးဖြစ်ရသူမှာ တကယ်ကိုသေဆုံးသွားခဲ့ရသည်။ဤသတင်းအားပထမဆုံးကြားကာစတွင် ကျင်းဖမ်းအရှင်သခင်အနေဖြင့် မယုံကြည်နိုင်လုမိနီးပါးပင်ဖြစ်သည်။ထိုအချိန်၌ သူ့အနေဖြင့် အိမ်မက်ဆိုးတစ်ခုအား ကြုံတွေနေရသကဲ့သို့ ဖြစ်သည်။သူ့အနေဖြင့် သွေးအန်ကာ မူးမေ့လဲလုမတက်နီးပါး ဒေါသအလွန့်အလွန်ထွက်ခဲ့ရသည်။ထိုအချိန်တွင် သူ၏ စစ်တပ်ကို လွှတ်၍ တောင်တန်းအတွင်းရှိသက်ရှိအားလုံးအား အပိုင်းပိုင်းသတ်ဖြတ်​ပစ်ချင်မိသော စိတ်မှလွဲတစ်ခြား မရှိနေပေ။"အရှင်သခင်...သောကရောက်နေဖို့မလိုပါဘူး..သင်ဘယ်လိုခံစားနေရလဲဆိုတာကို ကျုပ်နားလည်ပါတယ် ဒါပေမဲ့ သောကရောက်နေလို့ရော ဘာတွေများထူးလာမှာမို့လဲ..""စိတ်လျော့ထားပါ..သင်လဲအရင်က ကျုပ်ငယ်သားကို တွေ့ဖူးတာပဲ မဟုတ်လား..အရှင်သခင်..""သူ့မှာ သူငယ်ငယ်လေးကတည်းက အထူးစွမ်းရည်တစ်ခုရှိနေပြီး သားရဲတွေနဲ့ ဆက်သွယ်မှုပြုလုပ်နိုင်တယ်..""သူက ရှေ့ကနေကြိုသွားရတဲ့လူတွေထဲက တစ်ယောက်လေ..​သူကြောင့်လဲ လီလျိုရှင်း ဒီနယ်မြေထဲကို ရောက်လာတယ်ဆိုတာကို သိခဲ့ရတာပေါ့.."ဖုန်လောဟန်မှာ ယောက်ျားပီသသော မျက်နှာရှိ၏။သူကကျင်းဖမ်းအရှင်သခင်အား နားနားနေနေ နေရန်ပြောနေပြီး သူ၏အဖြူရောင် အဝတ်တို့က လေထဲတွင် တစ်ဖျပ်ဖျပ်လူးလွန့်နေသည်။ဖုန်လောဟန် စကားပြောပီးသောအခါတွင် ရုတ်တရက် ပုံရိပ်တစ်ခုက ရှေ့မှ တစ်ဟုန်ထိုးလာနေသည်ကိုတွေ့လိုက်ရသည်။ဖုန်လောဟန်က ထိုသူအားညွှန်ပြ၍ ကျင်းဖမ်းဘုရင်ကိုပြောလိုက်သည်။"အရှင်သခင်..ကြည့်လိုက် ကျုပ်ငယ်သားပြန်လာပီ"ကျင်းဖမ်းအရှင်သခင်က ဖုန်လောဟန်ညွှန်ပြသော ဦးတည်ချက်သို့ ကြည့်လိုက်သည်။မီတာတစ်ထောင်အကွာအဝေး၌ အစိမ်းရောင်တောင်ပံလင်းနို့မှာ တစ်ဟုန်ထိုး​ပျံသန်းလာနေသည်။အနက်ရောင်ပုံရိပ်တစ်ခုက အစိမ်းရောင်တောင်ပံလင်းနို့ပေါ်၌ မတ်တပ်ရက်နေ၏။၎င်းမှာ သားရဲများနှင့်ဆက်သွယ်ရန် ဖုန်လောဟန် စေလွှတ်လိုက်သော ငယ်သားပင်ဖြစ်သည်။အစိမ်းရောင်တောင်ပံလင်းနို့က မီတာတစ်ထောင်အကွာအဝေးမှ မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့သည်။ဖုန်ယွင်ရှောင်အားသူကြည့်လိုက်သောအခါတွင် ဖုန်ယွင်ရှောင်က သူ့အားခေါင်း​ညိမ့်ပြလိုက်သည်ကိုတွေ့ရသည်။အနက်ရောင်ဝတ်သိုင်းသမားက လက်သီးနှစ်ဖက်ကိုဆုပ်၍ ပြောလိုက်သည်။"ဒုခေါင်းဆောင်နဲ့ကျင်းဖမ်းအရှင်သခင်ကို တင်ပြပါတယ်...ဒီငယ်သားဟာ နတ်ဆိုးသားရဲပေါင်းများစွာကို မေးမြန်းစုံစမ်းခဲ့ပါတယ်..အပြာရောင်ဝတ်စုံကိုဝတ်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်ဟာ ဒီနေရာကနေပြီးတော့ ကြီးမားတဲ့ အပြာရောင်ငှက်ကြီးပိုစီးမင်းပီးဖြတ်သန်းသွားခဲ့တယ်လို့သိခဲ့ရပါတယ်..သူ့အသွက်အပြင်ကိုဖော်ပြချက်အရတော့ ..ပန်းကြွေဓား လီလျိုရှင်းဖြစ်ပုံရပါတယ်..""သားရဲတစ်ကောင်က သူ့ ရေခဲနဲ့နှင့်ကုန်းမြေဆီဝင်ရောက်သွားတာကို သူ့မျက်စိနဲ့တက်အပ်မြင်ခဲ့ပါတယ်တဲ့..""ကောင်းပြီ... ရေခဲနဲ့နှင်းကုန်းမြေကိုသွားကြစို့.."ကျင်းဖမ်းဘုရင်က အနက်ဝတ်လူ၏ စကားတို့အားကြားပြီးသွားသော အခါတွင်လှည့်ပြောလိုက်သည်။သူကသူ၏နောက်ရှိ ကျင်းဖမ်းနယ်မြေမှ ကျင့်ကြံသူများကိုခေါ်လိုက်သည်။ထို့နောက်တွင် ရွှေလင်းယုန်များနှင့် ရွှေရောင်ချပ်ဝတ်တန်ဆာတို့အား ဝတ်ဆင်ထားကြသော ကျင့်ကြံသူများက ရေခဲနှင့်နှင်း ကုန်းမြေတည်ရှိရာဘက်သို့ ဦးတည်ထွက်သွားကြသည်။ဖုန်လောဟန်က ရွှေရောင်ပုံရိပ်သုံးဆယ်ထွက်ခွါသွားသည်ကိုကြည့်ရင်း သူ၏ခေါင်းကိုခါယမ်း၍ပြုံးလိုက်သည်။"ဒီလူအိုကြီးကတော့...တော်တော်ကို အိုမင်းသွားပြီပဲ..အခုဆိုစိတ်အရမ်းမရှည်တော့ဘူး..""ဒုခေါင်းဆောင်.."ထိုအချိန်တွင် အနက်ရောင်ဝတ်လူက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်၍ ဖုန်လောဟန်ကို အော်ပြောလိုက်သည်။ဖုန်လောဟန်က သူ၏ အကြည့်အား ရွှေရောင်ပုံရိပ်များထံမှ အနက်ဝတ်လူထံ ရွှေ့လိုက်သည်။သူကမေးလိုက်၏။"တခြားကိစ္စရှိသေးလို့လား..""ဟုတ်"အနက်ဝတ်သိုင်းပညာရှင်က သူ့ခေါင်းအားညိမ့်ပြလိုက်သည်။"ဒီငယ်သား နတ်ဆိုးသားရဲတွေဆီမှာ စုံစမ်းတုံးက လီလျိုရှင်းဟာ လူငယ်တစ်​ယောက်နဲ့ လာရောက်ဆက်သွယ်တာကို ရှာတွေ့ခဲ့ပါတယ်..နတ်ဆိုးသားရဲရဲ့ လူငယ်ရဲ့အသွင်အပြင် အရွယ်အစား အသက်အရွယ်ကို ဖော်ပြချက်အရ လွန်ခဲ့တဲ့ အချိန်အချို့က မင်အန်းကိုသတ်ခဲ့တဲ့ လူငယ်လေးနဲ့ တူနေတယ်လို့ ဒီငယ်သားခံစားရပါတယ်..""အဲ့နောက်..ကျွန်တော်ဟာ အဲ့လူငယ်လေးရဲ့ အလိုရှိ ပုံကြမ်းကိုထုတ်ပြတဲ့အခါမှာ ဟုတ်မှန်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်..""အိုး..အဲ့ပုရွတ်ဆိတ်လေးကလည်း ဒီနေရာကို ခုန်ဝင်လာခဲ့တာလား.""သူက လီလျိုရှင်းနဲ့တောင် အရင်ဆက်သွယ်ခဲ့တာတဲ့လား..ဒါဆိုလည်း သူတို့ကို အတူတူနင်းခြေပစ်ရတာပေါ့.."ဖုန်လောဟန်မှာ တည်ငြိမ်နေပြီး သူ၏ မျက်နှာက ပြောင်းလဲမှု မရှိပေ။အနက်ရောင်ဝတ်ရုံလူ၏ စကားတို့အား သူ့စိတ်ထဲ၌ပင်ထည့်ထားခြင်းမရှိပါ။သူက ပျင်းရိသောအသံဖြင့် သူ့နောက်ရှိ အစိမ်းရောင်လင်းနို့ကြီးများအား စီးနင်းထားသော သိုင်းသမား အယောက် နှစ်ဆယ်ကို ပြောလိုက်သည်။"ရေခဲနဲ့နှင်း ကုန်းမြေကို ငါ့နောက်ကလိုက်ခဲ့ကြ..""ဟုတ်"ဆက်ရန်...ဘာသာပြန်သူ-Arise

ငရဲဘုံကိုးခု ဧကရာဇ်Où les histoires vivent. Découvrez maintenant