အပိုင်း (၉၇)

60 5 0
                                    


ရှစ်ဖုန့်မှာ မူလက မော်ကြွားခက်ထန်နေသော်လည်း ယခုအခါတွင်တော့ ရေထဲသို့နစ်သွားသော ခွေးတစ်ကောင် သူ့ခြေထောက်အား လာရောက်ကုတ်တွယ်နေသလိုဖြစ်သွားသည့် ရွေရောင်ချပ်ဝတ်ဖြင့် ဘုရင်နယ်ပယ်အဆင့်လူကိုကြည့်နေသည်။

၎င်းအနေဖြင့် သူ့မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်အထိရှေ့သို့ဦးတည်ပြေသွားခဲ့သည်။

ရှစ်ဖုန့်က လှည့်လိုက်ကာ သူအစောပိုင်းက ပုန်းအောင်းခဲ့သော ရေခဲသစ်ပင်ဆီသို့ပြောလိုက်သည်။

"ဘာလဲ..ခင်ဗျားကြည့်ရတာ... မလုံလောက်သေးဘူးလား.ဘာလို့အခုထိထွက်မလာသေးတာလဲ.."

"ဟီးဟီး.."

လီလျိုရှင်းမှာ ပေါကြောင်ကြောင်ရယ်မောလျက် ရေခဲသစ်ပင်၏ အနောက်ဘက်ဆီမှလျှောက်လှမ်းထွက်လာသည်။

သူကရှစ်ဖုန့်အား ပြုံးပြပြီး ပြောလိုက်သည်။

"ညီလေးရှစ်က တကယ့်ကို ပိုပြီး စွမ်းအားကြီးလာတာလဲ..ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို လှုပ်ရှားမှု အနည်းငယ်လေးနဲ့ အဆုံးသတ်ပစ်လိုက်နိုင်တယ်..."

"ကျွမ်းကျင်သူ.. ဘုရင်နယ်ပယ်အဆင့်လောက်လေးကို ကျွမ်းကျင်သူလို့ခေါ်ဖို့ ထိုက်တန်လို့လား.."

ရှစ်ဖုန့်က အထင်သေးစွာဖြင့် အေးစက်စက်ပြောလိုက်သည်။

"အာ..ဒါပေါ့ဘယ်ဟုတ်မလဲ..ငါတို့လိုဘုရင်နယ်ပယ်တွေက ညီလေးရှစ်ထက်တောင်မှ အားနည်းတဲ့ဟာ.. စွမ်းအားကြီးသူ​တွေကိုရည်ညွှန်းတဲ့ အရာနဲ့ ဘယ်ထိုက်ပါ့မလဲဲ...အဲ့တာငါအပြောမှားတာပါ..."

လီလျိုရှင်းက အလျင်အမြန်ပြောလိုက်သည်။

ဤအချိန်၌ ရှစ်ဖုန့်သူ့အား စိတ်မကျေနပ်လျှင် သတ်ဖြတ်ပစ်ကို သူတကယ်ကြောက်ရွံ့မိသည်။

ဤပုဂ္ဂိုလ်က ငယ်ရွယ်သော်လည်း သူဘာမှလုပ်၍မရနိုင်သောသူ​တစ်ယောက်ဖြစ်သည်။

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့.. သွားမယ်.."

ရှစ်ဖုန့်က လီလျိုရှင်းကို ပြောလိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now