အပိုင်း (၈၃)

314 5 0
                                    


ရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့် ဖုန်ယွင်ရှောင်မှာ အနည်း​ငယ်မျှ ခုခံနိုင်ခြင်းပင်မရှိခဲ့ပေ။

သူ၏ တစ်ကိုယ်လုံးရရှိသွေးတို့က ဒွာရ ခုနှစ်ပေါက်မှ ပန်းထွက်လာပြီး ရှစ်ဖုန့်၏ လက်ဖဝါးပေါ်သို့ မိုးရွာသကဲ့သို့ကျလာသည်။

၎င်းမှာရုတ်ချည်း ရှစ်ဖုန့်၏ စုပ်ယူမှုကိုခံလိုက်ရပြီး မြေပြင်ပေါ်တွင် နောက်ထပ်ရှုံတွနေသော အလောင်းတစ်လောင်းတိုးလာသည်။

သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းဘက်သို့လှည့်ကာ ပြုံး၍မေးလိုက်သည်။

"အဆင့်လေး အဂ္ဂရိတ်ပညာရှင် သန့်စက်သူရဲ့ ဝိညာဉ်စွမ်းအားနဲ့ဆိုရင်...မင်းအဆင့်လေးကို ​ပြန်ရောက်ဖို့ အတွက် စွမ်းဆောင်နိုင်သင့်တယ်"

"ဒါပေါ့"

ယွဲ့ဝူရွှမ်းက ပြုံးပြပြီး ပြန်လည်ဖြေကြားလိုက်သည်။

အတွေးတစ်ချက်ဖြင့် သူမက ဖုန်ယွင်ရှောင်၏ ဝိညာဉ်အား ချက်ခြင်းဖမ်းယူလိုက်ကာ ဝါးမျိုလိုက်သည်။

ယွဲ့ဝူရွှမ်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ အစကတည်းက အဆင့်လေးဖြစ်သော်လည်း လောင်ကျွမ်းမှုကြောင့် ကျဆင်းသွားခဲ့ရသည်။

ယခုသူမ၏ ဝိညာဉ်အား ပြန်လည်အားဖြည့်တင်းပြီးသည့်နောက်တွင် သူမအနေဖြင့် အဆင့်သုံးမှ အဆင့်လေးသို့ တိုက်ရိုက်တက်လှမ်းရန်အတွက် နားလည်သဘော ပေါက်နိုင်စွမ်းတို့ မလိုအပ်တော့ချေ။

ရှစ်ဖုန့်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖုန်ယွင်ရှောင်၏ သိုလှောင်လက်စွပ်အား ချွတ်ယူလိုက်သည်။

အနည်းငယ်မွှေနှောက်ပြီးနောက်တွင်သူက စိတ်ကျေနပ်သော အမူအယာကို ဖော်ပြလိုက်သည်။

သိုလှောင်လက်စွပ်၌ ကမ္ဘာဦး ကျောက်တုံးတို့ဖြည့်ပြည့်နှက်နေသည်။

၎င်းတို့မှာ အဆ​င့်နိမ့်၊အလယ်အလတ်အဆက့်တို့အပြင် အဆင့်မြင့် ကမ္ဘာဦးကျောက်တုံးများပင်ပါရှိသေးသည်။

၎င်းတို့အားလုံးအား အတူတကွပေါင်းလိုက်လျှင် တစ်သန်းခန့်လောက်တော့ ရှိလောက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now