လီလျိုရှင်းမှာ ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် သူ၏ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ထို့နောက်သူကပြောလိုက်သည်။
"ဒါ..ဒါက ကုန်သွယ်မှု လျှို့ဝှက်ချက် တစ်ခုအဖြစ်ရှိနေသေးတယ်လို့ သုံးသပ်လို့ရတယ်..ငါမင်းကိုမပြောပြနိုင်သေးဘူး.."
"သူတို့တွေသေသွားတာကို သိသွားကြတာက မင်းထုတ်ဖော်လိုက်လို့မလား.."
ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။
လီလျိုရှင်းမှာ ရှစ်ဖုန့်ထံမှထွက်လာသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ခံစားမိနိုင်၏။
ကျင်းလင်းနှင့် ဖုန်ယွင်ရှောင် သေဆုံးမှုအား ထိုလူများသာသိကြသည်။
မိစ္ဆာဝံပုလွေအဖွဲ့၏ သေခြင်းရှင်ခြင်းမှာ သူ၏လက်ထဲတွင်ရှိနေပြီး ၎င်းတို့ကတော့ ထုတ်ပြောမည်မဟုတ်ပေ။
ယွဲ့ဝူရွှမ်းမှာလည်း ထိုနည်းတူစွာပင်ဖြစ်သည်။
ရှစ်ဖုန့်၏ ကိုယ်မှထုတ်လွှတ်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ကို အာရုံခံရင်း လီလျိုရှင်းမှာချက်ခြင်း သူ့ကိုယ်သူ တရားနည်းလမ်းကျသော ဟန်ပန်ပြောင်းလိုက်ပြီးပြောလိုက်သည်။
"ညီလေးရှစ် မင်းဘာတွေပြောနေတာလဲ..ငါလီလျိုရှင်းက သစ္စာစောင့်သိမှုကို ဘဝတစ်လျှောက်လုံး တန်ဖိုးထားတဲ့သူပါ..ငါက အကျိုးအမြတ်အတွက်နဲ့ ကိုယ့်မိတ်ဆွေကိုယ် ရောင်းစားတတ်တဲ့သူ မဟုတ်ပါဘူး.."
သူ၏အမူအယာမှာ တည်ကြည်နေပြီး လေသံမှာ ခိုင်မာပြတ်သား၍ မာန်ပါသည်။
သူ၏ တရားနည်းလမ်းကျသော ရောင်ဝါက ကမ္ဘာတစ်ခုလုံးအား ဖြတ်ကျော်နေသကဲ့သို့ သူ၏လေသံအရ မသိသောသူတို့မှာ သူ့အား တကယ့်ကို မိတ်ဆွေသူငယ်ချင်းနှင့် သစ္စာတရားအပေါ်တွင် တန်ဖိုးထားသောသူတစ်ယောက်ဟု တကယ်ထင်မိကြလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က ၎င်းအား အထင်သေးသောအမူအယာဖြင့် တစ်ချက်ကြည့်လိုက်ပြီး လီလျိုရှင်းမှာလည်း ထိုအရာကို ဖမ်ဆုပ်မိလိုက်သည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...