အပိုင်း(၁၀၆)

49 2 0
                                    


ရှစ်ဖုန့်နှင့် အရိပ်ရှစ်တို့ ပျံသန်းလာကြစဉ် လင်းယုန်တစ်ကောင်က ရုတ်တရက်ရှေးမှပျံသန်းလာပြီး အရိပ်ရှစ်၏ ပုခုံးပေါ်တွင် ဆင်းသက်လိုက်သည်။

အရိပ်ရှစ်က လင်းယုန်ငှက်၏ ခြေထောက်တွင်ချည်ထားသော ကျောက်စိမ်းပြားကိုယူလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုအလယ်တွင် ဖတ်ရန်အတွက်ထားလိုက်သည်။

အရိပ်ရှစ်မှာတစ်ချိန်လုံးသူ၏မျက်နှာအား အနက်ရောင်အဝတ်စဖြင့် ကာထားခြင်းဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် ၎င်း၏မျက်နှာထက်ရှိပြောင်းလဲမှုတို့ကို မမြင်နိုင်သော်လည်း မျက်လုံးတို့ကဖြည်းညှင်းစွာ ပြူးကျယ်လာပြီး အံ့အားသင့်သော အမူအယာတို့လှစ်ဟာပြနေသည်ကို သူမြင်တွေ့နိုင်သည်။

အရိပ်အမှတ်ရှစ်က ကျောက်စိမ်းပြားကို အဝေးတွင် ပြန်ထားလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ ရှစ်ဖုန့်အား ခံစားချက်တို့ပါဝင်သော သက်ပြင်းတစ်ခုကို ချပြလိုက်သည်။

"ဒီယွင်လိုင် အင်ပါယာကြီးမှာ ကပ်ဘေးတစ်ခု ကျရောက်လာတော့မှာကို ကြောက်မိတယ်"

"ဘာဖြစ်လို့လဲ"

ရှစ်ဖုန့်ကမေးလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်ဘုံလေဂိုဏ်းရဲ့ နံပါတ်တစ် သန့်စင်သူ ဖုန်ယွင်ရှောင်နဲ့ ကျင်းဖမ်းအိမ်တော်က မင်းသားလေး တို့ဟာ အသတ်ခံခဲ့ရ တယ်"

"ကျွန်ုပ်တို့ အခုတင် သတင်းတွေရခဲ့တာ က တပ်ဖွဲ့တစ်သိန်းကို ဦးဆောင်ပြီးသွားတဲ့ ကျင်းဖမ်းအိမ်တော်က ကျွမ်းကျင်သူအားလုံးနဲ့ တပ်ဖွဲ့ အကုန်လုံးအပါအဝင် အဲ့ကို အတူလိုက်ပါသွားတဲ့ ကောင်းကင်ဘုံလေဂိုဏ်းက ကျွမ်းကျင်သူ အားလုံးတို့ဟာလည်း အသတ်ခံလိုက်ရတယ်တဲ့"

"စစ်သည်တစ်သိန်းနဲ့ ဘုရင်နယ်ပယ် ငါးဆယ်တို့ဟာ ဒီလိုမျိုးနဲ့ပဲ အသတ်ခံလိုက်ကြရတယ််"

"ကျင်းဖမ်း အရှင်သခင်နဲ့ ဖုန်လောဟန်တို့ကပဲ နတ်ဆိုးသားရဲတောင်တန်းရဲ့ အတွင်းကနေ စိတ်မကောင်းစရာ အခြေအနေနဲ့ ထွက်လာနိုင်ခဲ့ တယ်"

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now