ကောင်းကင်ဘုံလေဂိုဏ်းရှိလူများက လှည့်လာကြပြီး သူ့အား မျက်နှာချင်းဆိုင်ရင်ဆိုင်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ အဖြူရောင်နှင့်သတ်လတ်ပိုင်းအရွယ်လူ၏ ဦးဆောင်မှုအောက်တွင် သူတို့က ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းလာကြသည်။
ထိုလူများအားကြည့်ပြီးသည့်နောက် ရှစ်ဖုန့်၏မျက်နှာမှာပိုပြီး အေးစက်လာသည်။
"ငါကပြန်လည်မွေးဖွားလာခဲ့တာ ..ဘာမှဟုတ်တဲ့ လူပေါက်သောက်တွေ၊ ဆန်ကုန်မြေလေးတွေ ကများငါ့ကိုလာပြီး အနိုင်ကျင့်လို့ရမယ်တကယ်ထင်နေကြတာလား"
သူက သူ၏ဘက်လက်ဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတကိုပုံဖော်လိုက်သည်။ ထူဆန်းသော အဖြူရောင်စာလုံးတန်းတို့က စီးမျောထွက်လာပြီး သူ၏ကိုယ်အား စက်ဝိုင်းသဏ္ဍန် လှည့်ပတ်နေသည်။ ထို့နောက်တွင် ၎င်းတို့က သူ့လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားပေါ်၌ လာရောက်စုစည်းကုန်ကြ၏။
အစက ခရမ်းရောင်းလျှပ်စီးများဖြင့်ဓားမှာအဖြူရောင်များစွန်းထင်းသွားသည်။ခရမ်းလျှပ်စီးတို့မှာ ဓားပတ်လည်တွင် စီးဆင်းနေကြပြီး ၎င်းတို့မှာလည်း အဖြူရောင်လျှပ်စီးများအဖြစ်ပြောင်းလဲသွားသည်။
"ငရဲဘုံကိုးခု ဓားပညာရပ် တတိယပုံစံ ..ငရဲဘုံခုတ်ချက်"
ရှစ်ဖုန့် မကျယ်လှသောအသံဖြင့်အော်လိုက်သည်။ထို့
နောက်ချက်ခြင်း သူ့လက်ထဲရှိ လျှပ်စီးဓားအား မြှောက်လိုက်၏။ ဟင်းလင်းပြင်ထက်တွွင် ဧရာမ အဖြူရောင်ဓားချီ ကြီးလည်းပေါ်လာသည်။ လျှပ်စီးဓာတ် အခြေပြု အဆင့်ငါးလက်နက် မိုးကြိုးလျှပ်စီးဓားကြောင့် အဖြူရောင်ဓားချီတွင် ၎င်းအားဖြတ်သန်းစီးဆင်းနေသော အဖြူရောင်လျှပ်စီးလျှပ်ပန်းလျှပ်နွယ်များ ဖြစ်ပေါ်နေကာ တစ်ဖျစ်ဖျစ်အသံတို့ကို ထုတ်လွှတ်နေသည်။
ရှစ်ဖုန့်၏ လှုပ်ရှားမှုအောက်တွင် ဓားက ရှေ့ဆုံးမှာသူ့ဆီသို့လာနေသော ဖုန်လောဟန်ထံသို့ခုတ်ပိုင်းချလိုက်သည်။
ရှစ်ဖုန့်၏ တိုက်ခိုက်မှုအားတွေ့လိုက်ရသောအခါတွင် ဖုန်လောဟန်၏မျက်နှာထက်၌ အထင်သေးမှုတို့ဖြင့်ပြည့်နေသည်။ သို့သော် ဧရာမဓားချီကြီးက ခုတ်ပိုင်းချလာသော အခါတွင်ဖုန်လောဟန်၏ မျက်နှာမှာပြောင်းလဲသွားသည်။
KAMU SEDANG MEMBACA
ငရဲဘုံကိုးခု ဧကရာဇ်
Aksiငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...