အပိုင်း(၄)

315 11 0
                                    

ဟိုင်းယား..

ရှစ်ဖုန့်သည် မြင်း၏ ဝမ်းဗိုက်အား ခြေထောက်ဖြင့် ဆက်လိုက်သည်။

မြင်းနက်ကြီးက နာကျင်သွားသောကြောင့် ထိန့်လန့်သွား ကာ အော်ညည်းလိုက်ပြီး တောင်လမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ သူပြေးသွားသော လမ်း​တစ်​လျှောက်တွင် ဖုန်မှုန့်တို့က တစ်လိမ့်လိမ့်ကျန်ရစ်နေခဲ့သည်။

ကြော့ရှင်းသော ကုန်းခင်ရိုး တောင်တန်း..

တောအုပ်က စိမ်းလမ်းစိုပြည်လှပြီး သစ်ပင်များက သန်စွမ်းသောကြောင့် အသက်ဝင်လှသည်။

ရှို့လင်တောင်ခြေတွင် ရှို့လင်ဟုခေါ်သော ကျေးရွာကလေးတစ်ရွာတည်ရှ်ိသည်။

ရွာသားအများစုမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသော သူများဖြစ်ကြသည်။

နေထွက်ချိန်မှစတင်၍ လုပ်ငန်းကိစ္စအဝဝကိုစတင်ကြပြီး နေဝင်ချိန်မှသာ လုပ်ငန်းသ်ိမ်းကြသည်။

ဤအချိန်တွင် သူရိန်နေမင်းက အနောက်အရပ်သို့ ဝင်နေပြီး ကောင်းကွင်တစ်ခွင်မှာ ကြက်သွေးရောင်တို့ ဆင်မြန်းလျက်ရှိသည်။

ညနေစောင်းလုသော အချိန်ပင်ဖြစ်သည်။

ရှစ်ဖုန့်က သူ၏ ရှေ့တွင် ရှိနေသော အိမ်နိမ့်လေးများကို ကြည့်လိုက်သည်။

လယ်သမား နှစ်ယောက်စ သုံးယောက်စက ပြန်လာနေကြပြီး ကလေးများမှာ အိမ်ဝိုင်းများထဲတွင် ပြေးလွှားဆော့ကစားနေကြသည်။

ထိုနေရာတွင် ရှစ်လင်အား အနိုင်ကျင့်နေကြဖြစ်သော အသက် ရှစ်နှစ်ကိုးနှစ် အရွယ် ဖက်တီးလေးတစ်ယောက် ရှိသည်။

ရှစ်လင်က ဖက်တီးလေးအား တွေ့လိုက်သောအခါ ရယ်စရာကောင်းသောမျက်နှာထားဖြင့် ဖက်တီးလေးအား သူမ၏ လျှာလေးကိုထုတ်ပြလိုက်သည်။

အာ..

အဲ့တာ ရှစ်မိသားစုရဲ့ ကောင်လေးနဲ့ ကောင်မလေးမလား...

သူတို့ဘာလို့ မြင်းအကြီးကြီးကို စီးလာကြတာလဲ..

ပေါက်ပြားကို သယ်ဆောင်လာသော လယ်သမားက သူ၏နဖူးထက်ရှိ ချွေးတို့ကို သုတ်လိုက်ကာ ​သူနောက်တွင် ရှိသောသူကို ပြောလိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now