အဆင့်လေးဘုရင်နယ်ပယ်နတ်ဆိုးသားရဲ၏ သေခြင်းစွမ်းအင်၊သွေး၊ မီးမျိုးစေ့တို့မှာ ရှစ်ဖုန့်၏ ဆက်တိုက်ဝါးမျိုခြင်းကိုခံခဲ့ရသည်။
သူ၏ ကြယ်ခုနှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သော ကောင်းကင်မီးတောက် ဒန်တန်မှာ ကြီးမားလှသော ရေခွက်ကြီးတစ်လုံးကဲ့သို့ဖြစ်သည်။
၎င်းမှာချက်ခြင်းဖြည်းတင်းခံရပြီးနောက် စတင်ပြည့်လာ၏။
သို့သော် ကြယ်ရှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်သို့ မဝင်ရောက်သေးခင် ဤခွပ်မှာ တစ်ဝက်ခန့်သာပြည့်သေးသည်။
စွမ်းအင်၏ နှစ်ဆခန့်ကို လိုအပ်နေသေးဆဲဖြစ်၏။
သို့သော် ဤသည်ကပင် လက်ရှိ ရှစ်ဖုန့်အတွက် အတော်ကောင်းမွန်နေပီဖြစ်၏။
ရှစ်ဖုန့်အနေဖြင့် ခုဏက အဆင့်လေး နတ်ဆိုးသားရဲအပေါ်တွင် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို အသုံးပြုခဲ့သည်။
ဤအချိန်၌ သူ၏ စိတ်ဝိညာဉ်မှာ အဆမတန်အားနည်းလာခဲ့၏။
အဆင့်များကျော်ဖြတ်အသုံးပြုရခြင်းက အနည်းငယ် အားသွန်ခွန်စိုက်လုပ်ဆောင်ရတုံးဖြစ်သည်။
အတိတ်တုံးကဆိုလျှင် သူ့အနေဖြင့် အတွေးတစ်ချက်ဖြင့် များပြားလှသော သက်ရှိပမာဏာအား တိုက်ရိုက်သတ်ပစ်နိုင်၏။
ယခု အဆင့်လေး အထွတ်အထိပ်နတ်ဆိုးသားရဲတစ်ကောင်အား ရင်ဆိုင်ရချိန်တွင်တော့ စိတ်အာရုံအား အနှောက်အယှက်ပေးခြင်းကိုသာတက်နိုင်ပြီး ဝိညာဉ်အား တုန်လှုပ်စေပြီး ဖရိုဖရဲ ပြုတ်ကျလာစေရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။
လက်တွေ့တွင် ထိုအချိန်ကအရမ်းတိုသော်လည်း ဘုရင်နယ်ပယ်အထွတ်အထိပ် သားရဲကိုရင်ဆိုင်ရာ၌ စက္ကန့်အနည်းငယ်စာကပင် ရှစ်ဖုန့်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်လုံလောက်သည်။
ထို့နောက်တွင် သူ့အနေဖြင့်ကျောက်ရည်ပူထဲမှ ကြယ်သုံးပွင့် အင်ပါယာနယ်ပယ် ဘိုးအေကြီးအား ရင်ဆိုင်လိမ့်မည်ဖြစ်သည်။
ဤတိုက်ပွဲက ယခင်တိုက်ပွဲများထက် အဆများစွာ ပိုမို၍ ခက်ခဲနိုင်သည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...