အပိုင်း (၁၁၈)

42 1 0
                                    

"သက်ကြားအိုကြီး ...ဒီသခင်လေးက ခင်ဗျားရဲ့ အိုကြီးအိုမအသက်နဲ့ ခွေးသေတစ်ကောင်လိုဖြစ်နေတဲ့ဘဝကို ကယ်တင်ပေးထားတဲ့သူနော်..ဒါက ဒီသခင်လေးကို ခင်ဗျားပြန်ပြီး ကျေးဇူးဆပ်တဲ့ပုံလား"

"အဖိုး ..သခင်လေးဖုန့် ဘာတွေဖြစ်နေကြတာလဲ"

ဝေ့ယင်က စိုးရိမ်စွာဖြင့်မေးလိုက်သည်။ ဘာတွေဖြစ်ပျက်နေသည်ဆိုသည်အားသူမ မသိတော့ချေ။

"ဘုရင်ဟောင်းကြီး ဘာတွေဖြစ်နေတာလဲ"

လုံချန်မှာဖြစ်ပျက်နေသည်တို့အား ခန့်မှန်းနိုင်သော်လည်း မသိချင်ဟန်ဆောင်၍ ယဲ့ဝူရှင်းကို မေးလိုက်သည်။

"ဟမ့် သက်ကြားအိုကြီး ခင်ဗျား အဲ့သူတောင်းစားရှစ်ကျင်းထျန်းကိုအာဃာတတွေထားနေတာဆိုရင် ခင်ဗျားသူ့ကို လက်စားသွားချေလို့ရတယ်..ဒီသခင်လေးကို ထပ်ပြီးမလေးမစားလုပ်နေအုံးမယ်ဆိုရင်တော့...ဒီသခင်လေးက ခင်ဗျားကိုထပ်ပြီးတော့ယဉ်ကျေးနေတော့မှာမဟုတ်ဖူး"

ရှစ်ဖုန့်က ထပ်မံ၍ သတိပေးလိုက်သည်။

"အဖိုးဘာဖြစ်လို့လဲ ..သခင်လေးဖုန့်က လူကောင်းတစ်ယောက်ပါ..သူကအဖိုးကိုတင် ကယ်တင်ခဲ့ရုံမကဘူး မနေ့ကတုံးက အဖိုးရဲ့ မြေးလေးကိုပါ ကယ်တင်ခဲ့တာ..သခင်လေးဖုန့်သာ ရှိမနေခဲ့ရင် အဖိုးအနေနဲ့အဖိုးမြေးမလေးကို ထပ်ပြီးတော့တောင် မြင်တွေ့ရတော့မှာ မဟုတ်ဖူး"

ဝေ့ယင်က သူမ မနေ့တုံးက ကျောက်ကျစ်ရှင်း၏ လက်ထဲသို့ ကျရောက်လုနီးပါးဖြစ်ကာနီးအကြောင်းအား တွေးမိသောအခါတွင် ခါးသီးစွာ ပြောဆိုလိုက်သည်။

" မင်းရှစ်ကျင်းထျန်းကို သိတာလား"

ယဲ့ဝူရှင်းက အသံနိမ့်ဖြင့်မေးလိုက်သည်။

"သိသိ မသိသိ ခင်ဗျားစောက်ကြောင်းတစ်ကြောင်းမှမပါဘူး"

"ကောင်းတယ် ..အရုပ်လေး..မင်းကငါ့ရှေ့မှာတောင် မာနလာကြီးပြနေသေးတယ်..."

ယဲ့ဝူရှင်းက ပြုံး၍ အေးစက်စွာပြောလိုက်သည်။ ထို့နောက်သူက အနက်ရောင်အလင်းအဖြစ်ပြောင်းကာ ရှစ်ဖုန့်ထံဦးတည်လိုက်သည်။ သူကရှစ်ဖုန့်၏ ရှေ့သို့လျှင်မြန်စွာရောက်ရှိသွားသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now