အပိုင်း (၁၁၁)

53 3 0
                                    

ဤကမ္ဘာကြီးတွင် အားနည်းသူများမှာ အားကြီးသူတို့၏ သားကောင်များဖြစ်ကြရပြီး ခွန်အားသည်သာ အရေးကြီးဆုံးသော အရာဖြစ်သည်။

လူတစ်ယောက်မှာ ဧကရာဇ်တစ်ယောက်ဖြစ်လိုလျှင် သူ သို့မဟုတ် သူမအနေဖြင့် ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်သော စွမ်းအားရှိရလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်အနေဖြင့် ဘိုးဘေးတို့၏ အမွေအနှစ်ကို ဆက်ခံရမည်ဆိုလျှင်တောင် ကြီးမားသော စွမ်းအားတို့ရှိမနေလျှင် သူ သို့မဟုတ် သူမအတွက် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ အဆင်ပြေနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

"မင်းဆက်တိုင်းမှာ ပုလ္လင်အတွက် တိုက်ခိုက်ကြတယ်ဆိုတာက အမြဲဒီလိုမျိုးပဲ..လက်ရှိအခြေအနေဟာ သူထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ရင်တောင် လက်တလောအခြေအနေတွေအထိ ရောက်နေခဲ့တာတွေကို ငါ့ခမည်းတော်က တစ်ခြားသူတွေထက်ပိုသိတယ်"

"ငါတို့ညီအကိုတွေကြားက စစ်ပွဲဟာရှောင်လွဲ မရဘူး ...ညီအကိုတွေကြားထဲမှာ ငါက အားအနည်းဆုံးလူပဲ..သူတို့က ငါ့ကို အရင်ဖယ်ရှားပစ်ချင်နေကြတယ်"

လုံချန်က သက်ပြင်းချကာ ရှစ်ဖုန့်ကိုပြောလိုက်သည်။

"ငါ့ရဲ့ အကိုတော်ဖြစ်သူ လုံရှင်းက အကြီးဆုံးသားတော်ပဲ"

"သူက အင်ပါယာ တရားရုံးရဲ့ ထောက်ခံမှုကို ရရှိထားဆုံးလူဖြစ်ပြီး ယွင်လိုင်အင်ပါယာရဲ့ အဆင့်ငါးချိတ်တဲ့ ကျင်းဖမ်း အရှင်သခင်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတယ်"

"ငါ့ ဒုတိယ အကိုတော်က လုံထျန်းတဲ့..သူ့မယ်တော်က ဖုန်လောဟန်ရဲ့ ညီမတော်ပဲဖြစ်တယ်...ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဖြစ်သူ ဖုန်လောဟန်က ထိပ်တန်းဆယ်ယောက်မှာ အဆင့်ရှစ်ချိတ်တဲ့သူပဲ.."

"ငါ့တတိယ အကိုတော် နမည်က လုံအောင်းလို့ခေါ်တယ်...အစကတော့ သူနဲ့ ငါက အင်အားခြင်းအတူတူပဲ..ဒါပေမဲ့ သူနဲ့ ငါ့အမကြီး လုံယန်တို့က တစ်အူထုံဆင်းမောင်နှမအရင်းတွေဖြစ်ကြတယ်..ငါ့အမကြီး လုံယန်က တောင်ပိုင်းဗိုလ်ချုပ် ရှစ်ကျစ်ထျန်းနဲ့ လက်ထပ်ခဲ့တယ်...ရှစ်ကျင်းထျန်းက ကြယ်ငါးပွင့် ဘုရင်နယ်ပယ် အဆင့်ကို ရောက်သွားတာကို ငါ့ခမည်းတော်သိသွားတဲ့အခါ ...သူကိုတောင်ပိုင်းရဲ့ ဘုရင်ဆိုတဲ့ဘွဲ့ကို နှင်းအပ်ခဲ့တယ်"

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now