ယနေ့သည် တော်ဝင် ဆရာဂုရု၏ အိမ်တော်၌ တောက်ပသောအနီရောင်မီးအိမ်များဖြင့် တစ်ခန်းတစ်နား အလှဆင်ထားသည်။ အိမ်တော်၏ ဝင်ပေါက်၌ အဆုံးမရှိဟုထင်ရသော လူတန်းရှည်ကြီး ရှိနေသည်။ အဆင့်မြင့်အရာရှိများနှင့် အထက်တန်းလွှာများက အိမ်တော်အား အဝင်အထွက်ပြုလုပ်နေကြသည်။ ၎င်းမှာ အလွန်ကို သက်ဝင်စည်ကားလှ၏။
ယနေ့သည် တော်ဝင် ဆရာဂရုအိမ်တော်၏ အရေးပါသော နေ့တစ်နေ့ဖြစ်သည်။၎င်းမှာ တော်ဝင် သင်ကြားရေးဆရာဖြစ်သူ နလန်ယွမ်၏ အသက်ခုနှစ်ဆယ်ပြည့်မွေးနေ့ပင်ဖြစ်သည်။
" ဗိုလ်ချုပ် သွမ့်မူကျဲယီက မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် ရောက်ရှိလာပါတယ်"
တံခါး၌ ရှိနေသော အစေခံများမှာ ဧည့်သည်များက ဖိတ်ကြားစာနှင့်အတူရောက်လာသည်ကိုမြင်ကြရသောအခါတွင် ကျယ်လောင်စွာအော်လိုက်ကြသည်။ ထို့နောက်တွင် သူ့တို့ဘေးရှိလူတို့က လက်ဆောင်များကိုရေတွက်လိုက်ကြပြီး ကျယ်လောင်စွာကြေညာလိုက်သည်။
"ဗိုလ်ချုပ် သွမ့်မူကျဲယီက အရှေ့ပင်လယ် ပုလဲပုတီးတစ်ကုံးကို လက်ဆောင်ပေးပို့ပါတယ်"
"မြို့စားကြီးဝေ့အိမ်တော်က အကြီးဆုံးသခင်လေး တုန်ဖန်းကျစ်ယွီက ဂုဏ်ပြုရန်ရောက်ရှိလာပါတယ်.."
"အကြီးဆုံးသခင်လေး တုန်ဖန်းကျစ်ယွီက ကောင်းကင်နဂါးကျောက်စိမ်းကို လက်ဆောင်အဖြစ်ပေးအပ်ပါတယ်"
"မှူးမတ်ချင်ပိုင်မိုက ဂုဏ်ပြုရန်အတွက်ရောက်ရှိလာပါတယ်"
"မှူးမတ်ချင်ပိုင်မိုက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မီးလင်ကျစ်ကို လက်ဆောင်အဖြစ်ဆက်သပါတယ်"
..............................................................
...........................................................
.........................................................
ရှစ်ဖုန့်၊လုံချန်နှင်အတူ အနက်ရောင်ကိုဝတ်ဆင်ထားပြီး ဝါးခမောက်ကိုဆောင်းထားသော ပဟေဠိဆန်သောသူတို့ တော်ဝင်ဆရာ၏ အိမ်တော်သို့ရောက်လာသောအခါတွင် ရှည်လျားသော လူတန်းကြီးကို သူတို့မြင်တွေ့လိုက်ကြရသည်။
VOUS LISEZ
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...