အပိုင်း(၁၄)

257 9 0
                                    

"ကိုကြီး..စောစော ပြန်လာဖို့..မမေ့နဲ့နော်.."

"အင်း...ညီမလေးလဲ ကိုကြီးစကားကို.. လိမ်လိမ်မာမာနဲ့..နားထောင်ရမယ်နော်.."

"လျှောက်ကစား မနေပဲနဲ့...အိမ်မှာပဲ မေမေ့ကို ဂရုစိုက်နော်"

အိမ်အပြင်ဘက်တွင် ရှစ်လင်က ခြံဝန်းထဲမှ မြင်းနက်ကြီးအား ခေါ်ထုတ်သွားသော ရှစ်ဖုန့်ကို လက်ပြနှုတ်ဆက် ရင်း ကျန်ရစ်ခဲ့သည်။

ရှစ်ဖုန့်က အလျှင်လိုခြင်း မရှိသလို မြင်းပေါ်သို့ တက်ခြင်းလဲ မပြုပေ။

သူကမြင်းအား ရှေ့မှဆွဲကာ ရွာလမ်းလေးအတိုင်း ဝင်သွားသည်။

သိပ်မကြာခင် ရှေ့ခပ်လှမ်းလှမ်း၌ ပုံရ်ိပ်တစ်ခု မတ်တပ် ရပ်နေသည်အား တွေ့လိုက်ရ၏။

ထိုပုံရိပ်မှာမိန်းကလေးတစ်ယောက်နောက်​ ကျောပေးထားသောပုံရိပ်ဖြစ်၏။

သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်တို့က ပုခုံးထက်ကျနေပီး လေအဝေ့တွင် ဆံနွယ်တို့က လိုက်ပါ မျောလွင့်နေသည်။သူမ၏ အဝတ်တို့မှာလည် တစ်ဖျက်ဖျက် လွန့်လူးနေ၏။

ရှစ်ဖုန့်ထိုပုံရိပ်အား ကြည့်လိုက်ကာ သူမမည်သူဖြစ်သည်အား လျှင်မြန်စွာပင် မှတ်မိလိုက်သည်။

သူမမှာ ဝက်သားရောင်းသော သားသတ်သမား လီထူဖု၏ ခေါ်သူ၏ သမီး လီရူဖြစ်သည်။

သူမတို့မိသားစုမှာ ရှို့လင်ရွာတွင် ချမ်းသာကြွယ်ဝသည်ဟု မှတ်ယူနိုင်ပြီး လီရူမှာလည်း ရွာတွင် အလှဆုံး မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူ၏ မှတ်ဉာဏ်များတွင် ရှစ်ဖုန့်မှာ တစ်ကြိမ်တစ်ခါက သူမအား ချစ်မြတ်နိုးခဲ့ဖူးသည်။

သူမက ရှို့လင်ရွာတွင် အလှပဆုံး မိန်းမငယ်လေးတစ်ယောက်​ ဖြစ်ရုံသာမက သူမ၏ မိသားစုမှာလည်း ဝက်တို့အား သတ်ကာ အသားကို ရောင်းကြသည်။

သူသာသူမအား လက်ထပ်ခဲ့ပါက သူ့ညီမလေးနှင့် သူ၏ မိခင်တို့မှာ အသားအား နေ့တိုင်းစားနိုင်မည်ဖြစ်သည်။

လပြည့်ညတစ်ညတွင် သူတို့နှစ်ဦးသား ရွာ၏ လမ်းလေးထဲတွင် ဆုံခဲ့ကြသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now