အပိုင်း(၁၂၂)

42 2 0
                                    

"အားလုံးရပ်လိုက်ကြစမ်း.."

လုံချန်က ကျယ်လောင်စွာအော်လိုက်သည်။ လုံချန်‌ပြောပြီးသောအခါတွင် ရှစ်ဖုန့်ထံသို့အပြေးဝင်သွားပြီးဖြစ်သော အနည်းဆုံးလူ တစ်ဒါဇင်ခန့်မှာ ချက်ခြင်းနောက်သို့ ပြန်လွင့်ထွက်လာကြီးပြီး မြေပြင်ပေါ်သို့ကျလာကာ မြေကြီးနှင့် မိတ်ဆက်သွားကြသည်။

"မင်အာ.."

"အဖေ"

"ဦးလေး"

ရှစ်ဖုန့်ကြောင့် ပြန်လည်၍ လွင့်ပျံထွက်လာကြသော လူဒါဇင်ထဲတွင် အချို့မှာ တစ်ချို့လူတို့၏ ဖခင်များဖြစ်ကြပြီး တစ်ချို့က ဦးလေးများဖြစ်ကာ တစ်ချို့ကတော့ သားများဖြစ်ကြသည်။ချက်ခြင်းပဲ အော်သံလှိုင်းတို့ထွက်ပေါ်လာသည်။

ထို့နောက် လူအများကြီးက ရှေ့သို့ ထပ်မံ၍ အပြင်းတက်တော့မည်ကို မြင်လိုက်ရသောအခါတွင်လုံချန်က ထပ်မံ၍ အော်လိုက်သည်။

"အကုန်လုံးရပ်ကြစမ်း"

လုံချန်၏ အသံအားကြားလိုက်ရသော အခါမှပင် သူတို့ရပ်တန့်လိုက်ကြသည်။

ထိုအချိန်တွင် သူ၏သားဖြစ်သူ ရိုက်နှက်ခံလိုက်ရသော အသက်ခြောက်ဆယ်အရွယ် လူအိုကြီးကတစ်ယောက်က လုံချန်၏ မင်းသားဟူသော အဆင့်အတန်းကို ဂရုမစိုက်ပဲ အေးစက်စွာအော်ပြောလိုက်သည်။

"အရှင့်သားမင်းသားချန် မင်းသားရဲ့ အစေခံက တော်ဝင် ဆရာသခင်လည်းဖြစ် အင်ပါယာအကြံပေးလည်းဖြစ်သူရဲ့ မွေးနေ့ညစာစားပွဲမှာ တိုက်ခိုက်ခဲ့တယ်...မင်းသားအနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်တော့ ပေးသင့်တယ် မဟုတ်ဖူးလား"

ဤလူအိုကြီးမှာ လက်ရှိ ဝေ့မြို့စား တုန်းဖန်းဟန် ပင်ဖြစ်သည်။ အရိုက်ခံလိုက်ရသောသူ၏သားဖြစ်သူမှာ အကြီးဆုံးသား တုန်းဖန်းကျစ်ယွီ ဖြစ်၏။

ဝေ့မြို့စားက စကားပြောပြီးသော အခါတွင် နောက်ထက် လူအိုကြီးတစ်ယောက်ကလည်းပြောလိုက်သည်။

"အရှင့်သားမင်းသားချန်အနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်ပေးမယ်လို့ ကျုပ်ယုံကြည်တယ်"

ထိုသူမှာ ဝူအန်း မှူးမတ် မာဝမ်လွေ့ ရှစ်ဖုန့်ကြောင့် နောက်ပြန် လွင့်ထွက်သွားရသော အပြာ ဝတ်စုံနှင့်သူမှာ သူ့သားမာကျွင်းကျဲ့ပင်ဖြစ်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now