အပိုင်း(၅)

308 10 0
                                    


ပုယွဲ့တစ်​ယောက် ရှစ်ကျင်းထျန်း၏ လက်ဖဝါး ရိုက်ချက်အား စီးခံလိုက်သော အချိန်တွင် ရှစ်ဖုန့်က ငရဲဘုံကိုးခု စွမ်းအင်ကို ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ကသုတ်ကရုတ် ဖြည့်သွင်းပေးလိုက်ပြီးဖြစ်သည်။

သူက ငရဲဘုံကိုးခု နည်းစနစ်ကို အဆက်မပြတ် လှည့်လိုက်ပြီး ပုယွဲ့ထံတွင် နှစ်ပေါင်းများစွာ စုစည်းနေသော အန္တရာယ်ရှိသည့် ရောင်ဝါကို စုပ်ယူလိုက်သည်။

ထို့နောက် သူသည် အန္တရာယ်ရှိသည့်ရောင်ဝါအား ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့မဖြည့်သွင်းပေးခင် ငရဲဘုံကိုးခုစွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။

ငရဲဘုံကိုးခုစွမ်းအင်အားလုံးအား ပုယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးလိုက်ပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများ မှာ သွေးထက်ခြင်း ရပ်တန့်သွားခဲ့ရုံမက အန္တရာယ်ရှိသော ရောင်ဝါကြောင့် နှစ်ပေါင်းများစွာထိခိုက်ထားမှုများပင် ပြန်လည်ကောင်းမွန်လာခဲ့ကာ ရှစ်ဖုန့်အနေဖြင့် သူမအား ကယ်တင်နိုင်ခဲ့ပီဖြစ်သည်။

သို့သော် ငရဲဘုံကိုးခု စွမ်းအင်မှာ အလွန်အေးစက်လှသည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာလည်း အေးစက်လွန်းနေ၏။

ကံကောင်စွာဖြင့် ရှစ်​ဖုန့်​ဒီနေ့ သတ်ပစ်ခဲ့သော အဆင့်နှစ် သန့်စင်သူ မင်အန်း၏ သိုလှောင် လက်စွပ်ထဲတွင်

သန့်စင်သော ယွန် မြေဆီလွှာ လက်သီးဆုပ်ခန့် ပမာဏရှိနေသည်။

ယင်ရှိသော ကမ္ဘာတွင် ယန်ရှိသည်။

ယန်ရှိသော ကမ္ဘာတွင် ယင်ရှိသည်။

သန့်စင်သော ယန် မြေဆီလွှာကို သန့်စင်သောယန်ရတနာဟုလည်းခေါ်သည်။

အဆင့်နှစ်သန့်စင်သူ ဆရာသခင်က ဤ သန့်စင်ယန်မြေဆီလွှာအား ဘယ်နေရာမှ ရရှိခဲ့သည်ကို သူမသိပါ။

ဤ အရာသည် မီးသို့မဟုတ် အဖိုဓာတ်ကို ကျင့်ကြံကြသော ဧကရာဇ်နယ်ပယ်အဆင့်များအတွက်ပင် အငမ်းမရဖြစ်စေနိုင်သော ရတနာတစ်ခုဖြစ်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Onde histórias criam vida. Descubra agora