နောက်တစ်နေ့၌ ရှစ်ဖုန့် ယဲ့ဝူရှင်း၏ အခန်းဆီသို့ထပ်မံရောက်လာချိန်တွင်လုံချန်မှာ အပြင်ဘက်၌စောင့်နေဆဲဖြစ်သည်။
ဝေ့ယင်မှာ တံခါးတစ်ဖက်ခြမ်း အခန်းအတွင်း၌ ညလည်သိူ့ရောက်သောအခါတွင် အိပ်ပျော်သွားသော်လည်း လုံချန်ကတော့ လုံးဝအိပ်စက်ခြင်းမရှိဘဲ အခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။
သူမျက်နှာထက်ရှိ ဂရုစိုက်မှုတို့ကို ကြည့်ရင်း ဝေ့ယင်မှာ စတုတ္ထမင်းသားမှာ တကယ့်ကို လူများအပေါ်တွင် ဂရုစိုက်သောသူတစ်ယောက်ဟုခံစားရသည်။
အနာဂတ်၌ စတုတ္ထမင်းသားသာ ထီးမွေ နန်းမွေကို ဆက်ခံရခဲ့လျှင် သူသည် သေချာပေါက် ပြည်သူလူထုအပေါ်၌ အကျိုးပြုသော အုပ်ချုပ်သူတစ်ဦးဖြစ်လိမ့်မည်ဖြစ်သည်။ယင်းမှာ ယွင်လိုင်အင်ပါယာ အတွင်းရှိ လူများအတွက် ကောင်းချီးပေးခံရမှုတစ်ခုပင် ဖြစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်မှာ လုံချန်အနေဖြင့် တစ်ညလုံးမအိပ်ပဲနေခဲ့သော်လည်း သူ၌ စွမ်းအင်များ အပြည့်ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။
ရှစ်ဖုန့် သူ့ကိုမေးလိုက်သည်။၊
"မင်းသားတစ်ယောက်လို့မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းရဲ့စွမ်းအင်တွေက သာမန်လူထက်ကို ပိုပိုပြီး အားမာန်တက်ကြွမှုတွေရှိနေတာပဲ"
လုံချန်က ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူ့ခေါင်းအားခါယမ်း၍ပြောလိုက်သည်။
"သခင်လေးဖုန့် မင်းကငါ့ကို ရယ်ရအောင်လာပြောနေတာပဲ..ဒီလိုမျိုးအရေးပါတဲ့ အချိန်မှာ ငါဘယ်လိုလုပ်ပြီး အိပ်လို့ရမှာလဲ"
ထိုအချိန်၌ ယဲ့ဝူရှင်း၏ အခန်းထဲတွင် ကမ္ဘဦးကျောက်တုံးအရွယ်အစားပေါင်းစုံဖြင့် ပြည့်နေသည်။ယဲ့ဝူရှင်းမှာ အထဲတွင်ထိုင်နေပြီး ကျောက်တုံးများကြောင့် သူအားမြင်ပင် မမြင်ရပေ။
ဝေ့ယင်မှာ သာမန်လူတစ်ယောက်သာဖြစ်သော်လည်း ဤကမ္ဘာ၏ ကျင့်ကြံမှု အကြောင်းကို သိသည်။ သူမအနေဖြင့် ကမ္ဘာဦးကျောက်တုံးတို့၏ အဖိုးထိုက်တန်မှုကို လည်း ကောင်းစွာ သိရှိလေသည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...