အပိုင်း (၁၃၀)

130 3 0
                                    


"ဟီး ဟီး.."

လုံချန်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် လုံမုန့်က ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။သူမ၏ သေးငယ်သော ပါးချိုင့်လေးနှစ်ဖက်ကာ လှစ်ဟာပေါ်နေပြီး သူမကပြောလိုက်သည်။

"ကိုကြီး .အရမ်းဆိုးတာပဲ....ကိုကြီးတကယ်ပဲ ညီမလေးလို စကား ဘယ်လိုပုံစံပြောရမယ်ဆိုတာကိုသင်ခဲ့တာလား"

"ဟားဟား..တော်လောက်ပြီ ..ဒီမှာပဲထပ်ပြီး ရပ်မနေဘဲ အထဲကိုဝင်ပြီး ထိုင်ကြစို့ "

လုံချန်က ပြုံးကာ လုံမုန့် အစောပိုင်းက ရပ်နေခဲ့သော လက်ဖက်ရည်ဆိုင်ကို ညွှန်ပြလိုက်သည်။

ထို့နောက်တွင် သူတို့က လက်ဖက်ရည်ဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်သွားကြသည်။ လုံမုန့်က ရည်ရွယ်ချက်ရှိရှိ ရှစ်ဖုန့်ဘေးတွင် လျှောက်ပြီး ပြောလိုက်သည်။

"ကိုကြီး ရှစ်ဖုန့် လူတိုင်းက အခုကိုကြီးဟာ အရမ်းကို အစွမ်းထက်တဲ့သူလို့ပြောကြတယ်..ကိုကြီးအနေနဲ့ ညီမလေးကို တပည့်အဖြစ်နဲ့ ခေါ်ယူပြီးတော့ သိုင်းပညာကို သင်ကြားပေးလို့ရလား..ညီမလေးလဲ ကိုကြီးလို အစွမ်းထက်လာချင်တယ်"

ရှစ်ဖုန့်က လုံမုန့်ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းက သန့်စင်ယန် ဖွဲ့စည်းပုံနဲ့ မွေးဖွားလာခဲ့တာ အဲ့တာက ငါ့ရဲ့သိုင်းပညာရပ်တွေနဲ့ ဆန့်ကျင်ဘက်ပဲ....ငါ့ရဲ့သိုင်းပညာရပ်တွေက မင်းနဲ့ မသင့်တော်ဘူး ..မင်းမှာ သိုင်းပညာနဲ့ပက်သက်ပြီ နားမလည်တာတွေရှိရင်တော့ ..ငါအင်ပါယာမြို့အတွင်းမှာရှိနေတဲ့ကာလပတ်

လုံး အချိန်မရွေးလာမေးလို့ရတယ်"

ဤမိန်းကလေးမှာ အသက်ငယ်ငယ်လေးဖြင့် ကြယ်ငါးပွင့် ဘုရင်နယ်ပယ်သို့ ရောက်နေပြီးဖြစ်ကြောင်းကို ရှစ်ဖုန့်သိရှိပြီးဖြစ်သည်။ ယွင်လိုင်အင်ပါယာတွင် သူမအား ပါရမီရှင်တစ်ယောက်ဟုပင် သုံးသတ်သင့်သည်။

သို့သော်၎င်းက သိပ်အထူးအဆန်းကြီးတော့မဟုတ်ပေ။ သူမသည် အင်ပါယာမြို့တွင် မွေးဖွားလာခဲ့ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကလည်းပေါကြွယ်ဝကာ သူမအား ကျော်ကြားသော သိုင်ပညာရပ်များကိုသင်ကြားပေးသည့် ဆရာတစ်ယောက်ကိုပင်ငှားရမ်းထားနိုင်သည်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 20, 2023 ⏰

Add this story to your Library to get notified about new parts!

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now