အပိုင်း(၁၂၆)

45 2 0
                                    


ရုတ်တရက် အစိမ်းရောင်တောင်ပံလင်းနို့တို့ကို စီးနင်းထားကြသော ကောင်းကင်ဘုံလေဂိုဏ်းတပည့်တို့က ဟင်းလင်းပြင်ထဲမှ ဖုန်လောဟန်ထံသို့ ပျံသန်းလာကြသည်။

ဖုန်‌လောဟန်က သူ့လက်ထဲတွင်ကိုင်ထားသောဖန်ခွက် အတွင်းရှိ ဝိုင်ကို ဆက်လက်၍ တစိမ့်စိမ့် အရသာခံနေပြီး မေးလိုက်သည်။

"ဟိုဘက်မှာ အခြေအနေတွေဘယ်လိုရှိလဲ"

"ဂိုဏ်းဒုခေါင်းဆောင်ကို သတင်းတင်ပြပါတယ်"

ထိုတပည့်က ပြန်ဖြေလိုက်သည်။

"ရေခဲနှင်းတောင်ကြား ဘက်မှာဘာပြောင်းလဲမှုမှ မရှိပါဘူး..ခရမ်ရောင်မိုးကြိုးဂိုဏ်းခေါင်းဆောင်လဲ့ကမ်းနဲ့ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင် ရွှယ်တုတို့က အင်ပါယာမြို့တော်ထဲကို အတင်းဝင်ပြီးတော့ အဲ့ကောင်စုတ်လေးကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်"

"ဟားဟား"

ထိုအရာအားကြားလိုက််ရသောအခါတွင် ဖုန်လောဟန်ကရယ်၍ပြောလိုက်သည်။

"တစ်ယောက်ကသားသေတဲ့အချိန်မှာ နောက်တစ်ယောက် ကမြေးသေတယ်...သူတို့အခု လူသတ်သမားက အင်ပါယာမြို့တော်ထဲမှာ ရှိနေတယ်ဆိုတာကို သိသွားချိန်မှာ အဲ့သက်ကြားအိုကြီးနှစ်ကောင်က မစောင့်နိုင်တာ သဘာဝပဲ..သူကအခု အဲ့သက်ကြားအိုကြီး နလန်ယွမ်ရဲ့ အိမ်တော်ထဲမှာပုန်းအောင်းနေတယ်ဆိုတာကို သူတို့ကောင်းကောင်းသိကြတယ်လေ"

"ဟုတ်ကဲ့"

ဖုန်လောဟန်၏စကားအားကြားလိုက်ရပြီးသည့်

နောက်တွင် ငယ်သားဖြစ်သူက ခေါင်းညိမ့်လိုက်သည်။

"အဲ့တာထက် နလန်ယွမ်က အဲ့ကောင်စုတ်လေးကို ခပ်မြင့်မြင့်တွေးထားတဲ့ပုံပဲ..လွန်ခဲ့တဲ့ရက်အနည်းငယ်တုံးက မွေးနေ့ဂုဏ်ပြုစားပွဲမှာ သူက သူ့မွေးနေပွဲကို တက်ရောက်လာခဲ့တဲ့ ဩဇာတိက္ကမရှိတဲ့ သူတွေအားလုံးကို ဆူပူကြိမ်းမောင်းခဲ့တယ်တဲ့ ..အဲ့ထက်ပိုတာက သူကအားလုံးကိုတောင် အိမ်တော်အပြင်ဘက်ကို မောင်းထုတ်လိုက်သေးတယ်"

"အဲ့သက်ကြားအိုကြီးနှစ်ကောင်ကိုသွားပြီးတော့ပြောလိုက် အရမ်းကမူးရှူးတိုး မလုပ်နဲ့လို့ အဲ့သူတောင်းစားလေး အင်ပါယာအကြံပေးပုဂ္ဂိုလ်အိမ်တော်ထဲကနေ သုံးရက်အတွင်းထွက်မလာခဲ့ရင် ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် နလန်ယွမ်ဆီကို အဲ့ကောင်စုတ်လေးအတွက် သွားပြီး တောင်းဆိုလိမ့်မယ်...နောက်ပြီး ငါတို့ကောင်းကင်ဘုံလေဂိုဏ်းကလည်း အဲ့ကောင်စုတ်လေးလက်ထဲမှာ ငါတို့လူတွေအသက်တွေ ဆုံးရှှုံးထားရသေးတာ

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now