"မင်း..မင်းကတော့..သေချင်နေပီ"
ယန်ကျုံးက ဒေါသထွက်စွာ ကြုံးဝါးလိုက်ပြီး ကင်းကောင်ခွန်အားကဲ့သ်ို့ လက်သီးတစ်လုံးအား ရှစ်ဖုန့်၏ ရင်ဘက်ထံ ပစ်သွင်းလိုက်သည်။
ရှစ်ဖုန့်သာ သာမန်အရပ်သားတစ်ယောက် ဖြစ်နေပါက ထိုလက်သီးချက်နှင့် သူထိမိလျှင် သူ၏ အင်္ဂါအစိတ်အပိုင်းများ တစ်စစီ ကွဲကြေသွား လိမ့်မည်ဖြစ်သည်။အနည်းဆုံး အနေဖြင့် သူ၏ ဘဝတစ်လျှောက်လုံး အကြောသေသွားမည်ဖြစ်ပြီး အဆိုးဆုံး အနေဖြင့် သေသည်အထိ သူ၏ နှလုံးအား တစ်အားဆောင့်ဆွဲပစ်သော နာကျင်မှုဒုက္ခမျိုးအား ခံစားရမည်ဖြစ်သည်။
ထိုလက်သီးထိုးချက်အား ရက်စက်ပြီး လူမဆန်လှသည်ဟုပင် ပြောနိုင်၏။သာမန်လူပုဂ္ဂိုလ်တစ်ယောက်ဆိုပါက ဤလက်သီးချက်၏ အောက်တွင် သူ၏ ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားရမည်ဖြစ်သည်။
"အကိုယန်ကျုံး သူ့ကို ရိုက်နှစ်ပစ်လိုက်စမ်းပါ"
ယန်ကျုံး ၏ နောက်တွင် ရပ်နေသော လီရူမှာ ယန်ကျုံးသူမအား ကူညီနေသည်ကို မြင်ရသောအခါတွင် ရွှင်ပြစွာ ပြုံးနေမိသည်။
ရှစ်ဖုန့်၏ အမူအယာမှာ ပြောင်းလဲခြင်း မရှိပဲ အေးအေးဆေးဆေးနှင့်သက်တောင့်သက်သာပင်ဖြစ်သည်။
သူကဘယ်လက်ဖြင့် အားနည်းပြီး အရမ်းကို သာမာန်ကာလျှံကာဖြစ်လှသော လက်ဝါးတစ်ခုအား ရှေ့သို့ တွန်းထုတ်လိုက်သည်။
သို့သော် ရှစ်ဖုန့်၏ အားနည်းပြီး နှေးကွေးလှသော လက်ဝါးက ယန်ကျုံး၏ ကြမ်းကြုတ်သော လက်သီးချက်ဖြင့် အလွယ်တကူ တွေ့ဆုံသွားသည်။
ချက်ခြင်း ရှစ်ဖုန့်၏ လက်ငါးချောင်းက ယန်ကျုံး၏ လက်သီးအား မြဲမြံစွာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်၏။
"အား"
ဝက်တစ်ကောင် အသတ်ခံရချိန်တွင် ထွက်ပေါ်လာသော နှလုံးခြောက်ခြားစွာ အော်ဟစ်သံကဲ့သို့ အသံက ယန်ကျုံး၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
အပိုင်းပိုင်းခြေမွပစ်ရန် စောင့်ဆိုင်းနေသော အလွန်များပြားသည့် အားတစ်ခုက သူ၏ လက်သီးဆီမှလာနေသည်ကို ယန်ကျုံးခံစားမိသည်။
KAMU SEDANG MEMBACA
ငရဲဘုံကိုးခု ဧကရာဇ်
Aksiငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...