ယဲ့ဝူရှင်းကပြောလိုက်သည်။
"ဒီလူအိုကြီးက အစတုံးက နှလုံးသားမဲ့ ခန္ဓာကိုယ်ဆိုတာ ဒဏ္ဍာရီ တစ်ခုလို့ပဲ ထင်ခဲ့တာ..ဒါပေမဲ့ ရှစ်ကျင်းထျန်းကိုတွေ့လိုက်ရပြီးတဲ့နောက်မှာ ..အဲ့လိုခန္ဓာကိုယ်မျိုးတကယ်ရှိတယ်ဆိုတာကို ဒီ လူအိုကြီး သဘောပေါက်ခဲ့တ...ဒီလိုမျိုးခန္ဓာကိုယ်မျိုးနဲ့ သူမျိုးက မွေးကတည်းက စိတ်ခံစားမှုဆိုတာမရှိဘူး...သူတို့က သူတို့နှလုံးသားထဲမှာ သူတို့ပဲရှိတာ တစ်ခြားဘယ်သူမှရှိမနေဘူး"
"အဲ့လိုလူမျိုးဆီမှာ ဇနီးမယားဆိုတာရှိခဲ့ရင်တောင် သူတို့ရဲ့ စိတ်အာသာကို ဖြေဖျောက်နိုင်ဖို့ အတွက်သက်သက်ပဲဖြစ်လိမ့်မယ်..ဒါမှ မဟုတ်ရင် သူ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့အတွက်ပေါ့ ..သူ့မှာ သူ့ကိုယ်တိုင်အတွက် လိုအင်ဆန္ဒတွေဆိုတာရှိပေမဲ့..အခြားသူနဲ့ပက်သက်တဲ့ ချစ်ခြင်းတရားတေွ တရားနည်းလမ်းကျတယ်ဆိုတဲ့ ခံစားချက်တွေရှိမနေဘူး"
"ဒီလူအိုကြီးက နှလုံးသားမဲ့သိုင်းတာအိုကိုကျင့်ကြံခဲ့ပြီး ရှစ်ကျင်းထျန်းကို ငါတွေ့လိုက်ရတဲ့အချိန်မှာ သူ့ကိုငါ့ရဲ့ မွေးစားသားတစ်ယောက်အနေနဲ့ ခေါ်ယူခဲ့ပြီးတော့ ငါ့ဘေးမှာထိန်းသိမ်းထားပြီး ငါ့သိုင်းတာအိုနဲ့ ပက်သက်တာတွေကို သင်ကြားပေးခဲ့တယ်"
"ပြီးတော့ ရှစ်ကျင်းထျန်း အဲ့သူတောင်းစားလေး ကငါ့ကို စိတ်မပျက်စေခဲ့ဘူးလေ....နှလုံးသားမဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်းနဲ့ နှလုံးသားမဲ့ သိုင်းတာအိုကျင့်ကြံခြင်း အဲ့တာက တကယ့်ကို သာမန်ထက်ကို လွန်ကဲထူးခြားလွန်းတယ်..ရက်အနည်းငယ်လေးပဲ ကြာခဲ့တယ် ရှစ်ကျင်းထျန်းဟာ နှလုံးသားမဲ့သိုင်းတာအိုကျင့်ကြံမှုမှာ ဆရာတစ်ဆူဖြစ်လာခဲ့တယ်..ငါနည်းနည်းပဲ သိရှိနိုင်တဲ့ အချို့ကိစ္စမျိုးကိုတောင် သူကတကယ်ကို အားလုံးနီးပါးသိနေခဲ့တယ်"
"ကျုပ်တကယ်ပဲ သိချင်မိတယ်...ခင်ဗျားရဲ့ရန်သူ အဲ့သူတောင်းစားရှစ်ကျင်းထျန်းဆိုပေမဲ့ ခင်ဗျား ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် နဲ့ ဘယ်လိုမျိုးထိခိုက်ခံခဲ့ရတာလဲ..ရှစ်ကျင်းထျန်းလည်း ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကိုသိနေတာများဖြစ်နိုင်မလား"
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...