ကျောက်ဟူ မြေပြင်ပေါ်သို့ မကျမီ သူ၏ နောက်ကျောဘက်မှ လက်တစ်ဖက်အား ခံစားမိလိုက်ပြီး သူ၏ ကိုယ်မှာလဲ ရပ်တန့်သွားသည်။
ရှစ်ဖုန့်၏ ညာလက်က ကျောက်ဟူ ကျောအား ဖမ်းထိန်းထားလိုက်သည်။ ထို့နောက် ချက်ခြင်း ကျောက်ဟူအား ဇိကုတ်ဆွဲခေါ်လိုက်ပြီးမလိုက်ကာ သူ၏ ရွှေလျားမှု ပညာရပ်အား အသုံးပြု၍ ရှေ့သို့ ခုန်လိုက်သည်။
လိုက်ဖမ်းနေသော လဲ့ရှောင်းမှာ သူ၏ ရှေ့ရှိ ပုံရိပ်နှစ်ခုက တော်တော် ဝေးဝေးသို့ ခုန်ပျံသွားသည်ကို ကြည့်နေရသည်သာ တက်နိုင်သည်။
ထိုအချိန်တွင် မရေတွက်နိုင်သော ကြမ်းကြုတ်သည့် ရေခဲသားရဲများက သူ့ထံသို့ ခုန်အုပ်လာသည်။
"သောက်လီးလိုမှဟာတွေ"
လဲ့ရှောင်းမှာ ဒေါသအမျက် ခြောင်းခြောင်းထွက်မှုကြောင့် စိတ်လွတ်နေပီဖြစ်သည်။
သူမြင်သောအရာမှာ အဝေးမှ ပုံရိပ်နှစ်ခုသာ ဖြစ်သည်။
သူ၏ လက်ထဲရှိဓားဖြင့် ရေခဲကျားသစ်အား နှစ်ပိုင်းပိုင်းချလိုက်သည်။
သူ၏မိုးကြိုးဓားဖြင့် ရှေ့သို့ ဆက်တိုးသွားသည်။
"သခင်လေး"
ရေခဲနဂါးနှင့် တိုက်ခိုက်နေသော လဲ့ပါမှာ လဲ့ရှောင်းနှင့် ပက်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိ၍ ချင်ချင်း အော်ပြောလိုက်သည်။
ထိုအချိန်၌ လဲ့ပါမှာ အာရုံပြောင်းနေပြီး ရေခဲနဂါးနဂါး၏ အအေးစီးချောင်းက သူ့အား လွှမ်းခြုံသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အအေးစီးကြောင်း၏ ဝါးမြိုမှုကို ခံလိုက်ရသည်။
"အကြီးအကဲ.."
"အကြီးအကဲ"
ပတ်ဝန်းကျင်ရှိ ခရမ်းရောင်မိုးကြိုး ဂိုဏ်းမှ တပည့်များမှာ တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
ရှစ်ဖုန့်မှာ ကျောက်ဟူအား စိတ်လှည့်စားမှု အစီအရင်အတွင်းမှဆွဲထုတ်လာပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
BINABASA MO ANG
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...