အပိုင်း (၅၈)

226 7 0
                                    


လူတိုင်းကသူ့အတွက် ဘာလုပ်ပေးရမည်သိနေသည်က်ို ကြည့်ရင်း ဟယ်ရွှယ်၏ မျက်နှာ​ထက်တွင် သရော်ပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာသည်။

သူကခေါင်းမော့ရင်ကော့၍ သလင်းကျောက်လုံးအား ကိုင်ဆောင်ထားသော လူငယ်ထံလျှောက်သွားလိုက်သည်။

သူက ထိုအစေခံရှေ့သို့ရောက်သော အခါသူ၏ လက်ကိုသလင်းကျောက်လုံးထံလှမ်းလိုက်သည်။

သူ၏ လက်ကသလင်းကျောက်လုံးပေါ်သို့ ရောက်တော့မည့်အချိန်တွင် သူ၏ နောက်ဖက်မှ မထူးခြားနားသော စကားပြောသံတစ်ခု ထွက်ပေါ်လာသည်။

"ခဏနေအုံး...မင်းအလှည့်မရောက်သေးဘူး.."

ရုတ်ချည်း ရာနှင့်ချီသော လူတို့၏ အကြည့်တို့က စကားပြောလိုက်သော လူထံသို့ စုပြုံ၍ ကျရောက်သွားသည်။

"ဒီလူငယ်လေးက အသက်ရှင်ရတာကို ပင်ပန်းနေပီလားဟ.."

"သူတကယ်ပဲ ဟယ်ရွှယ်ကို ခဏစောင့်ဖို့ပြောရဲတယ်..."

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

"အဲ့လူကို ကြည့်ရတာ အရမ်း ရင်းနှီးမနေဘူး.."

"သူကအပြင်ကရောက်လာတဲ့သူ မလား.."

"သူက အပြင်ဘက်တစ်နေရာရာကလာတဲ့သူ ဖြစ်ရမယ်..."

"သူ့ပုံစံကိုကြည့်ရတာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို သိပုံမရဘူး.."

"ဒီတစ်ကြိမ်တော့ သူဒုက္ခရောက်ပြီ.."

"သနားစရာ လူငယ်လေး.."

"သူငယ်ငယ်လေးနဲ့ သေသွားမှာကိုတောင် ငါကြောက်မိတယ်.."

"ပြီးတော့ မသေခင်မှာ စိတ်ကူးလို့တောင်မရတဲ့ အပြစ်ပေးမှု ဝေဒနါတွေကို ခံစားရလိမ့်မယ်.."

ဟယ်ရွှယ်အား အော်ပြောလိုက်သောသူမှာ ရှစ်ဖုန့်ပင်ဖြစ်သည်။

ဟယ်ရွှယ်လှည့်ကြည့်လိုက်သောအခါ လူငယ်လေးတစ်ယောက်က သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို တွေ့ရသည်။

သူကအေးစက်သောလေသံဖြင့်မေးလိုက်သည်။

"မင်းငါ့ပြောနေတာလား..."

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now