ရှစ်ဖုန့်၏ညာလက်က လဲ့ရှောင်း၏ဘယ်လက်ဖြင့်ထိတွေ့မိချိန်တွင် သွေးရောင်မီးတောက်က ရုတ်တရက် သူ၏လက်မှထွက်ပေါ်လာသည်။
ခရမ်းရောင် လျှပ်စီးတို့ ရစ်ခွေနေသော လဲ့ရှောင်း၏ ဘယ်လက်မှာ ရုတ်ချည်း လောင်ကျွမ်းခံလိုက်ရသည်။
မကြာခင် သွေးနီရောင်မီးတောက်က လဲ့ရှောင်းနှင့် သူ့အောက်ရှိလျှပ်စီးငှက်ထံသို့ ပျံ့နှံ့သွားသည်။
"မဟုတ်ဖူး"
လဲ့ရှောင်း၏ခရမ်းရောင်ဆံပင်နှင့် ဦးခေါင်းမှလွဲ ပြီး အောက်ပိုင်းတစ်ကိုယ်လုံးမှာ သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းခံလိုက်ရသည်။
သူ၏မျက်လုံးတို့က ပြူးနေကာ မျက်နှာထက်တွင် ကြောက်ရွံ့မှု၊နာကျင်မှုတို့ဖြင့်ပြည့်နေပြီး ကျယ်လောင်စွာအောက်ဟစ်နေသည်။
ဤအရာအားလုံးမှာ အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင််ဖြစ်သည်။
လဲ့ရှောင်းအနေဖြင့် သူအလွယ်တကူ နင်းခြေပစ်၍ ရမည်ဟုထင်ခဲ့သောသူ၌ ဤကဲ့သို့သော သူအားဖိနှိပ်ပစ်နိုင်သည့် စွမ်းအားများပေါက်ကွဲထွက်လာလိမ့်မည်ဟု သူလုံးဝစိတ်ကူးထားခဲ့မိခြင်းမရှိပါ။
ဤအချိန်တွင် လဲ့ရှောင်းမှာ သူ့၌ အဆုံးမရှိသော လောင်ကျွမ်းနာကျင်မှုများဖြင့်ပြည့်နှက်နေသည်ဟု ခံစားရသည်။
သူ့၌ ဘာခုခံနိုင်စွမ်းမှ ရှိမနေချေ။
"မင်းတို့တွေက လူတွေကို နှိပ်စက်ညှင်းပန်းရတာကို ကြိုက်ကြတယ်မလား...ဒါဆိုရင် ဖြည်းဖြည်းချင်းလောင်ကျွမ်းပြီးတော့ ဖြည်းဖြည်းချင်းသေဆုံးရတဲ့ အရသာလေးကို ခံစားကြည့်လိုက်"
ရှစ်ဖုန့်က လဲ့ရှောင်းကို ပြောလိုက်သည်။
သွေးနီရောင်မီးတောက်က လဲ့ရှောင်း၏တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီး မကြာခင်တွင် ၎င်း၏ ဦးခေါင်းကိုပါ ဝါးမျိုလိုက်သည်။
အခြာတစ်ဖက်တွင် ရွှယ်ယို နှင့် ရွှယ်ရီရီ တို့မှာ မယုံကြည်နိုင်မှုအပြည့်ဖြင့် မျက်လုံးများပြူးကျယ်နေသည်၊။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...