ဟယ်ရွှယ်လှုပ်ရှားလိုက်သော အခိုက်အတန့်တွင် ရှစ်ဖုန့်သည်လည်း လှုပ်ရှားလိုက်သည်။
မည်သူမျှ ရှစ်ဖုန့်နောက်ပြန်လှည့်လိုက်သည်ကို မတွေ့လိုက်ရပေ။
ဟယ်ရွှယ်အား သူနောက်ကျောလှည့်ပေးထားသည်မှာ သေချာသည်။
လူများထိုအရာအား သဘောပေါက်နေသော အချိန်မှာပင် ရှစ်ဖုန့်က လှည့်နှင့်ပြီးဖြစ်ကာ ဟယ်ရွှယ်၏ စွမ်းအားပြင်းထန်သော လက်သီးကို တန်ပြန်ထိုးလိုက်သည်။
"အုန်း.."
ပေါက်ကွဲသံခပ်သဲ့သဲ့ထွက်ပေါ်လာသည်။
ထို့နောက်ချက်ခြင်း လူတိုင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများဖြစ်ကုန်၏။
ခန္ဓာကိုယ်အား ထိုးဖောက်ကာ ဝင်ရောက်သွားခြင်းကိုခံရမည်ဖြစ်သော လူငယ်လေးက တကယ်တမ်းတွင် ဘာထိခိုက်ဒဏ်ရာမှ မရဘဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။
စွမ်းအားကြီး စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်ဖြစ်သူ ဟယ်ရွှယ်မှာတော့ သူ၏ ခန္ဓာကိုယ်မှာ သဲအိတ်တစ်အိတ်ကဲ့သို့ ထပ်တလဲလဲနောက်သို့ လွင့်ပျံထွက်သွားသည်။
ဟယ်ရွှယ်မှာ လုံးဝရှုံးနိမ့်သွားခဲ့သည်။
"ဝုန်း.."
ဟယ်ရွှယ်၏ တောင့်တင်းသော ခန္ဓာကိုယ်မှာမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နေရာအနှံ့ဖုန်တထောင်းထောင်းထသွားစေသည်။
"သောက်ရူး.."
ရှစ်ဖုန့်က အထင်သေးသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်သူက လှည့်လိုက်ကာ မှတ်တမ်းတင်သောအစေခံထံသို့ နမည်စာရင်းပေးရန် နောက်လှည့်မကြည့်တော့ပဲ လျှောက်သွားလိုက်သည်။
"ဒီ..ဒီလူငယ်လေးက တကယ်ပဲ ဟယ်ရွှယ်ကို အနိုင်ယူခဲ့တာပဲ..."
"သူကတကယ်တော့ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတာပဲ.."
"မင်းတို့တွေ သတိထားမိကြလား.."
"သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ.."
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...