ရှစ်ဖုန့်က သူ၏ အကြည့်တို့အား ဟယ်ရွှယ်၏ မိစ္ဆာဝံပုလွေထံသို့ပြောင်းလိုက်သည်။
၎င်းမှာ အဆင့်သုံး နတ်ဆိုးသားရဲတစ်ကောင်သာ ဖြစ်သော်လည်း ဤ မ်ိစ္ဆာဝံပုလွေနဲ့ပက်သက်ပြီး တစ်ခုခု ကွဲပြားနေသည်ကို သူသတိထားမိသည်။
ခုဏက ရှစ်ဖုန့် ဟယ်ရွှယ်၏ အနားသို့ ချဉ်းကပ်လာသော အခါတွင် ၎င်းက သူ့အား "သူ့ကိုသတ်" ဟူသော အတွေးတစ်ခုကို ပေးပို့ခဲ့သည်။
ထို့ကြောင့်လည်း ရှစ်ဖုန့် စိတ်ဝင်စား ရခြင်းဖြစ်သည်။
ရှစ်ဖုန့်ကသူ့ဟာသူတွေးလိုက်မိသည်။
"ဒီ မိစ္ဆာဝံပုလွေက ဟယ်ရွှယ်ရဲ့ ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရတာပဲဖြစ်ရမယ်"
သူချဉ်းကပ်လာသော အခါတွင် ထိုမြင့်မားသော မိစ္ဆာ ဝံပုလွေမှာ သူ့အား ကြောက်ရွံ့နေပုံရသည်ကို ရှစ်ဖုန့် သတိထားမိသည်။
၎င်းကနောက်သို့ဆုတ်ရင်း သူ့အားကြည့်နေပြီး ၎င်း၏ ကြမ်းကြုတ်ရက်စက်သော မျက်နှာထက်တွင် လူသားတစ်ယောက်ကဲ့သို့ ထိပ်ထိပ်ပျာပျာ အမူအယာတို့ ရှိနေသည်။
ရှစ်ဖုန့်မှာ ၎င်းအား ပို၍ ကြည့်လေ ပို၍ စိတ်ဝင်စားလာလေဖြစ်သည်။
ဤ အဆင့်သုံး နတ်ဆိုးသားရဲမှာ တခြားသားရဲများနှင့် တကယ့်ကို ကွဲပြားနေသည်ဟု ရှစ်ဖုန့်ခံစားမိသည်။
သာမန်အဆင့်သုံး နတ်ဆိုးသားရဲများမှာ အလွန်နိမ့်ကျသော ဉာဏ်ရည်သာရှိပြီး သာမန် သားရဲရိုင်းများဖြင့် သိပ်ကွာခြားမှု မရှိလှပေ။
ဤနတ်ဆိုးသားရဲမှာမူ အသိဉာဏ်တိုးတက်မှုများ ရှ်ိပြီး ဖြစ်သည်ကို ရှစ်ဖုန့် ရှာဖွေတွေ့ရှိခဲ့သည်။
သာမန်အခြေအနေများအောက်တွင် မိစ္ဆာဝံပုလွေကဲ့သို့ အဆင့် နိမ့်နတ်ဆိုးသားရဲတစ်ကောင်အတွက် ၎င်းအနေဖြင့် အဆင့်လေး ဘုရင်နယ်ပယ်အဆင့် နတ်ဆိုးသားရဲအဖြစ်သို့ ကံကောင်းထောက်မစွာဖြင့် တက်လှမ်းနိုင်ခဲ့မှသာ စိတ်ဝိညာဉ် အသိဉာဏ်ကို စုဆောင်း နိုင်လိမ့်မည်ဖြစ်သည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...