အပိုင်း (၄၆)

241 9 0
                                    


ရှစ်ဖုန့်မှာ ရေခဲပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး တစ်နေ့လုံး ကြာမြင့်သွားခဲ့သည်။

ထိုအချိန်တွင် သူ၏ ဘေး​တွင် ရှိနေသော ကမ္ဘာဦးကျောက်တုံး ငါးထောင်မှာ ရှစ်ဖုန့်၏ စုပ်ယူ မှု​ကြောင့် ခြောက်သွေ့ကုန်ပီဖြစ်သည်။

မူလက စိန်များကဲ့သို့ အရောင်တလက်လက်နှင့် အရည်လဲ့နေသော ကမ္ဘာဦးကျောက်တုံးများမှာ ယခုအခါတွင် မှိုင်းပြသော မီးခိုးရောင်များ ဖြစ်လာကြသည်။

ကမ္ဘာဦးကျောက်တုံးများမှ သန့်စင် မူလစွမ်းအင်များအား ခြောက်သွေ့စွာ စုပ်ယူပြီးသည့်တိုင်အောင် ရှစ်ဖုန့်မှာ ကျင့်ကြံခြင်းအား မရပ်တန့်သေးပေ။

လေ​အေးများက ဦးတည်ချက်ပေါင်းစုံမှ ရှစ်ဖုန့်၏ ခေါင်းထပ်တွင် စုစည်းကာ ကောင်းကင်ထက်တွင် ငွေ့ရည်ဖွဲ့သွားပြီး ဧရာမလေအေး တိမ်တိုက်တစ်ခုပုံစံဖြစ်လာသည်။

ထို့နောက်ချက်ခြင်း နှင်းခဲတိမ်တိုက်ကြီးမှာ ဧရာမ ဝဲကြီးတစ်ခုကဲ့သို့

လည်ပတ်တော့သည်။

"ဒါက..."

ကျောက်ဟူမှာ ကောင်းကင်အား မမှိတ်မသုန် စိုက်ကြည့်နေသည်။

ကမ္ဘာဦး ကျောက်တုံးငါးထောင်ထံမှာ မူလစွမ်းအင် အဆီအနှစ်အား ရှစ်ဖုန့်စုပ်ယူခဲ့သည်ကို ကျောက်ဟူ မြင်တွေ့ခဲ့ရပြီး ယခုတစ်ဖန် အလွန် ကြီးမားလှသော အအေးစွမ်းအင်ထုကြီး ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာသည်ကိုသူ တွေ့ရပြန်သည်။

"သူဘယ်လို ကျင့်ကြံမှု ပညာရပ်မျိုးကို ကျင့်ကြံနေတာလဲ.."

ကျောက်ဟူမှာ အေးစက်သော စွမ်းအင် ဧရာမဝဲကြီးက ကောင်းကင်ထဲတွင် လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။

ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ရှစ်ဖုန့်ထံဦးတည်သွားကာ

မျက်စိတစ်မှိတ်အတွင်းသူ့အားဝါးမြိုသွားသည်။

"ဒါက အရမ်းကို ရူးသွပ်ဖို့ ကောင်းတာကြီး မဟုတ်လား"

"တစ်ကြိမ်တည်းနဲ့ စွမ်းအင်တွေ အများကြီးကို စုပ်ယူပစ်ခဲ့တာ.."

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now