အပိုင်း(၁၂၃)

40 2 0
                                    

အထွတ်အထိပ် ကြယ်ကိုးပွင့် ဘုရင်နယ်ပယ် တစ်ယောက်ပင် သူ့အားရှုံးနိမ့်သွားခဲ့သည်။ ထိုအတွက် ဖြေရှင်းချက်မှာ တစ်ခုတည်းသာရှိလေသည်။ ဤလူငယ်လေး၏ စွမ်းအားမှာ အင်ပါယာနယ်ပယ်အတွင်းသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

"အင်ပါယာနယ်ပယ်..သူက ဒီလိုအသက်ငယ်ငယ်လေးနဲ့ အင်ပါယာနယ်ပယ်ကို ရောက်နေခဲ့ပြီ"

ပဉ္စမမင်းသားအပြင် ယွင်လိုင်အင်ပါယာ၌ နောက်ထပ် မွန်းစတားဆန်သော ပါရမီရှင်တစ်ယောက်ပေါ်ထွက်လာခဲ့ပြန်ပြီဖြစ်သည်။

ချက်ခြင်း ဆွေးနွေးငြင်းခုန်မှုများ ထပ်မံ၍ စတင်လာသည်။

"ဒီလူငယ်လေးမှာ အင်ပါယာနယ်ပယ် တစ်ယောက်ရဲ့ စွမ်းအားတွေရှိနေတယ်..ငါတို့ ဘာလုပ်သင့်လဲ..ဒီမှာသူ့ကို ထိန်းချုပ်ဖိနှိပ်နိုင်မဲ့ တစ်ယောက်ယောက်များ ရှိနေသေးလား...ငါခုဏကတုံးက သူ့ကို ကြိမ်းမောင်းခဲ့တယ် ထင်တယ်..သူကြားသွားလားတော့ငါလည်းမသိဘူး"

"အင်ပါယာနယ်ပယ် ကျွမ်းကျင်သူ...စတုတ္ထမင်းသားဆီမှာ အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် သူ့ဘေးမှာရှိနေတယ်"

"သမီး...သမီးဘယ်လိုဖြစ်ပြီးတော့ အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောကို သွားစော်ကားခဲ့တာလဲ"

မင်းသမီးကျိုးလျန်၏ အဖေက သူ့လက်မောင်းကြားတွင် ငိုကြွေးနေသော သမီးဖြစ်သူအား ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

"အဖေ..အီးဟီး.....သမီး..သမီးမသိဘူး"

"သူက မင်းသားချန်အိမ်တော်က အစေခံတစ်ယောက်လို့ပဲ သမီးထင်ခဲ့တာ ..အဖေ သမီး ဘယ်တုံးကမှ ဒီလိုမျိုး အရှက်ခွဲ မခံရဘူးဖူး အဖေ သမီးကို ကူညီရမယ်"

ကျိုးလျန်က ငိုယို၍ပြောသည်။

"အင်ပါယာ အကြံပေး ဆရာသခင် ရောက်ရှိလာပါပြီ"

ရုတ်တရက် အကြံပေး ဆရာသခင် အိမ်တော်ရှိ အစေခံတစ်ယောက်က အော်ပြောလိုက်သည်။

"အင်ပါယာ အကြံပေး ဆရာသခင် ...အင်ပါယာ အကြံပေး ဆရာသခင် ရောက်လာပြီ..ကောင်းလိုက်တာ...ငါတို့က ဒီလူငယ်လေးကို ရင်မဆိုင်နိုင်ပေမဲ့ ဆရာသခင်ကတော့ ရင်ဆိုင်နိုင်တယ်..မင်းက အင်ပါယာ အကြံပေး ဆရာသခင်ရဲ့ မွေးနေ့ပွဲမှာ လာပြီး ရှုပ်ရဲတယ်တဲ့လား..မင်းတော့ ပြဿနာတက်တော့မယ်ကွ"

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now