အပိုင်း (၁၀၂)

52 4 0
                                    


"ဒီလိုမျိုးမိသားစုကလုပ်စာကို ထိုင်ဖြန်းဖို့လောက်ပဲသိတဲ့ သူမျိုးက ငါတို့လိုအဆင့်အတန်းမျိုးနဲ့ ထိုက်တန်မှုမရှိဘူး"

ရွှယ်ယိုက ရှစ်ဖုန့်၏ရှေ့တွင်တိုက်ရိုက်ပင်ပြောလိုက်သည်။

ဤသည်မှာ သူတို့လို ပါရမီရှင်ကလေးများအတွက်ထိုကဲ့သို့ပင် ဖြစ်သည်။

ကြယ်သုံးပွင့် စစ်သည်တော်ပယ်သိုင်းသမားတို့မှာ အလွယ်တကူချေမွပစ်၍ ရနိုင်သောသူများဖြစ်ကြသည်။

ထိုလူများမှာ သူတို့ကဲ့သို့သောလူများ၏ အမြင်တွင် ပုရွက်ဆိတ်များနှင့်ဘာမျှမကွာပေ။

"ဒူးထောက်လိုက်စမ်း"

"မင်းရဲ့ ဘယ်လက်ကို အသုံးပြုပြီးတော့ တန်းဖိုးမရှိတဲ့ လက်သည်းတွေကိုချိုးလိုက်"

လဲ့ရှောင်းက ရွှယ်ယိုကို လျစ်လျူရှလိုက်ပြီး ရှစ်ဖုန့်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

၎င်းမှာ သူ့အားပါးရိုက်ခဲ့သော လက်မှ လက်သည်းတို့ဖြစ်သည်။

သူထိန်းမနိုင်သိမ်းမရ ဒေါသထွက်ကာ တုန်တုန်ယင်ယင်ဖြစ်ခဲ့ရသော ညပေါင်းများစွာပင်ရှိခဲ့၏။

သူ့အနေဖြင့် ထိုလူ၏ အရေပြားတို့အား အလွှားလိုက် ခွှာချပစ်နိုင်ရန်ပင် ဆန္ဒရှိခဲ့သည်။

"အိုး"

"မင်းကတကယ်တော့သူ့ကို မုန်းတီးနေတာလား"

ရွှယ်ယိုမှာ လဲ့ရှောင်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် လဲ့ရှောင်းနှင့်ရှစ်ဖုန့်အားကြည့်လိုက်သည်။

သူ့အနေဖြင့်ယခုအခါမှ ပို၍အဓိပ္ပါယ်မရှိသောအရာကိုတွေ့လိုက်ရသည်။

လူငယ်ပါရမီရှင်အဆင့်တွင် အဆင့်ငါးချိတ်သော ယွင်လိုင်အင်ပါယာ၏ ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ ဒုတိယသခင်လေးဖြစ်သူက တကယ့်ကို ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်အား မလိုမုန်းထားမှုတို့ဖြစ်ပေါ်နေသည်။

"နင်တို့နှစ်ယောက် ဘာလို့ဒီနေရာကိုရောက်နေကြတာလဲ"

ထိုအချိန်တွင် ငယ်ရွယ်ပြီး နူးညံ့သောအသံတစ်ခုထွက်ပေါ်လာသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now