"ဒီနေရာကနေထွက်သွားကြစမ်း..မင်းတို့အားလုံး အကုန်ဒီနေရာကနေ ထွက်သွားကြစမ်း..ငါ့ရဲ့ အသက်ခုနှစ်ဆယ်ပြည့် ဘာညာမွေးနေ့ပွဲည်းမလုပ်တော့ဘူး ...မင်းတို့တွေကို တွေ့မြင်ရတာ ငါစားချင်သောက်ချင်စိတ်တောင်မရှိဘူး"
နလန်ယွမ်ကအော်ပြောလိုက်သည်။
ထို့နောက်ထပ်မံ၍ ကျယ်လောင်စွာ အော်ငေါက်လိုက်ပြန်သည်။
"ဒီနေရာကနေ ထွက်သွားကြစမ်း မင်းတို့မထွက်သွားဘူးဆိုရင် မင်းတို့ခြေထောက်တေွကို ငါကိုတိုင်ချိုးပစ်မယ်"
အော်ငေါက်သံနှင့်အတူ လူအုပ်ကြီးမှာ အိမ်တော်ထဲမှ ထွက်ပြေးကြတော့သည်။ ထိုအချိန်တွင် ဖြစ်ပျက်မှုတို့မှာ နောက်တစ်ကြိမ်ထပ်မံ၍ ပရမ်းပတာဖြစ်လာသည်။
ယနေ့ညပြီးလျှင် မြို့တွင်းရှိ ဂုဏ်သရေရှိ လူကြီးများအားလုံးမှာ အင်ပါယာမြို့တော်သို့လာသော သခင်လေးဖုန့်ဆိုသည့်နမည်အား သိသွားကြလိမ့်မည်ဖြစ်လေသည်။ယွင်လိုင်အင်ပါယာ၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်သူအင်ပါယာအကြံ
ပေးဆရာသခင် နလန်ယွမ်က သူ၏အသက်ခုနှစ်ဆယ်ပြည့်မွေးနေ့ပွဲတွင် ဤလူငယ်လေးအားကာကွယ်ရန်အတွက် တက်ရောက်လာသူအားလုံးအား ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့လေသည်။
သိပ်မကြာခင်၌ ဆူညံနေခဲ့သော ခြံဝန်းမှာ တိတ်ဆိတ်ညိိမ်သက်သွားသည်။ ထွက်ခွာသွားသင့်သောသူများက ထွက်ခွာသွားကြပြီဖြစ်သည်။
ရှစ်ဖုန့်၊လုံချန်၊နလန်ယွမ်၊ လုံချန်နှင့်အတူပါလာသော ဝါးခမောက်ဆောင်းထားသည့် ပဟေဠိဆန်သောသူတိုနှင့် အင်ပါယာအကြံပေးဆရာသခင် အိမ်တော်၏ အစေခံအချို့သာလျှင် ကျန်ရစ်ခဲ့ကြသည်ဖြစ်သည်။
ယွင်လိုင်အင်ပါယာအတွင်းတွင် နလန်ယွမ်တစ်ယောက်တည်းသာလျှင် ရာထူးဂုဏ်သိမ်ကြီးမားသူများစွာတို့အား အော်ဟစ်ရဲသူဖြစ်ပြီး သူတို့အားထွက်သွားရန် ပြောဆိုရဲသူလည်းဖြစ်သည်။
"အာ ကျုပ်အနေနဲ့ ဒီတစ်ကြိမ်မှာ သခင်လေးဖုန့်ကို ကောင်းကောင်းဧည့်ခံချင်ခဲ့တာ ဒါပေမဲ့ ဒီလိုမျိုးဖြစ်သွားရတယ်..သခင်လေးဖုန့်အနေနဲ့ ကျုပ်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...