Part 10

2.9K 328 5
                                    

Unicode

TYCDTN

Chapter 10

မဒမ်အိုကြီး တော်တော်လေး အဝေးကိုရောက်သွားတော့ ယွီရှန်းက စောင်ထဲကထွက်ကာ ထိုင်လိုက်သည်။ သူ(မ)က ခေါင်းအုံးခုကာ ကိုယ်တစ်ဝက်မှီထိုင်နေသည်။ မနေ့က အိမ်မက်က တကယ်ဖြစ်လာတာပဲ။ ယွီဖင်ယန် ထိပ်လန့်စရာကိစ္စနဲ့ ကြုံခဲ့ပြီး ဘာအန္တရာယ်မှတော့ မဖြစ်ခဲ့ဘူး မဟုတ်ရင် မဒမ်ကြီးက ဒီလိုဖော်ရွေစွာ မေးမြန်းနေမှာ မဟုတ်ပေ။ သူ(မ)ရဲ့ လုံခြုံရေးကိုသာ ကိုယ့်ဘာသာ မသိပေမယ့် ယွီဖင်ယန်ရဲ့ ဘေးကင်းလုံခြုံမှုကိုတော့ မသန်မစွမ်းဖြစ်နေသည့် သူ(မ)ထက် ဘယ်သူမှ မသိနိုင်ပေ။

ယွီရှန်းက စဥ်းစားနေတုန်း အိပ်ရာနားက သစ်သားပြားပေါ် အကြည့်ရောက်သွားကာ အံ့သြသွားပြီး 'သစ်သားပြားပေါ်မှာ ဘာထွင်းထုထားတာလဲ'။ ပုံပျက်ပန်းပျက် ဇာတ်ကောင်တွေကို ဆေးနီဖြင့် ဆိုးထားသည်။ အနီရောင်ဆေးဆိုးအရုပ်တွေက တိုက်ခိုက်နေသည့်ပုံဖြစ်သည်။ ထိုကဲ့သို့ တူညီသည့် သစ်သားပြားတွေကို ပြတင်းပေါက်နှင့် လမ်းတစ်လျှောက်မှာချိတ်ထားတာ တွေ့ရပြီး အိပ်ရာအောက်မပါမကျန် ထားထားကာ ခြံဝန်းအနှံ့မှာပါ တွေ့ရလေသည်။

ယွီရှန်းရဲ့ မှတ်ဉာဏ်အရဆိုလျှင် ထိုအရာတွေက လင်ရှီရဲ့အစေခံ ကျင်းမောမောနှင့် သီလရှင်အိုတို့ ချိတ်ဆွဲထားခြင်းဖြစ်သည်။ သူတို့ မထွက်သွားခင် ခြံတစ်ခုလုံးကို ခွေးသွေးတစ်ဇလုံဖြင့် ဖြန်းပက်သွားကာ တစ်ခြံလုံး သွေးညှီနံ့တွေ နံဟောင်ကာ ရက်အတော်ကြာမှ ပျောက်သွားခဲ့သည်။ 

ထောင်ဟုန်က အနားကပ်လာပြီး သူ(မ)သခင်မရဲ့ နောက်ကျောကို ခေါင်းအုံးပျော့လေး သေချာလေး ထိုးသိပ်ပေးလိုက်သည်။ သူ(မ)က သစ်သားပြားကို ကောက်ယူကာ ခဏလောက် ကြည့်လိုက်ပြီးနောက် အသားအရေက ချက်ချင်းပြောင်းသွားလေသည်။

ယွီရှန်းက မျက်ခုံးပင့်ကာ တည်ငြိမ်စွာ ပြောလေသည်။

“အမှန်အတိုင်းပြော ဒါက ပြုသမျှနုရတဲ့ အရုပ်မလား၊ သူများကို ပျက်စီးထိခိုက်အောင် လုပ်တဲ့အရာမလား”

ဒီအစေခံမလေးသာ အမှန်တိုင်းပြောမယ်ဆိုရင် သူက အနာဂတ်မှာ အသုံးဝင်လိမ့်မည်ဟု ယူဆလို့ရသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now