Part 125

1.4K 154 1
                                    


အပိုင်း(၁၂၅)

ယွီဖင်ယန်ရဲ့ ဂုဏ်သတင်းက အလွန်ကျော်ကြားပြီး သူ့ရဲ့တိုက်ခိုက်စွမ်းရည်က အလွန်ကျွမ်းကျင်ကာ စစ်မြေပြင်မှာဆိုရင် သူ့ရဲ့ အရည်အချင်းက တပ်သားတစ်သောင်းနှင့် ညီမျှသည်။ သူပြန်ရှင်လာသည့် သတင်းက အနောက်ပိုင်း လူရိုင်းတပ်ဆီ ရောက်သွားကာ သူတို့ကို ကမောက်ကမ ဖြစ်စေခဲ့သည်။ ဒါ့အပြင် တပ်သား၅သောင်းဟာလည်း ဘယ်က ရောက်လာမှန်း မသိပေမယ့် ကောင်းကင်ဘုံက ဆင်းသက်လာသည့် တပ်သားတွေနှင့် တူနေသည်။

သူတို့တွေရဲ့ စိတ်ထဲမှာ သူရဲဘောကြောင်မှုတွေ ဝင်နေခဲ့သည်။ ရလာဒ်အနေနှင့် တိုက်ပွဲကို တိုက်ခိုက်ဖို့ စိတ်ဆန္ဒပျောက်ဆုံးသွားခဲ့သည်။ တစ်ရက်တစ်ညအတွင်းပဲ အနောက်ပိုင်းလူရိုင်းတပ်က အကြီးအကျယ်ရှုံးကာ တပ်ဆုတ်ခဲ့ကြသည်။ သူတို့သိမ်းပိုက်ခဲ့သည့် ဝူလန်စီရင်စုနှင့် ဖုန်းရှန်မြို့က ဟန်တပ်ဆီ ပြန်ရောက်သွားရုံသာမက ဝူမြစ်ကမ်းထိ ယွီဖင်ယန်ရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။ ရွေးစရာမရှိတာကြောင့် အရဲစွန့်ကာ မြစ်ကိုဖြတ်ကူးခဲ့ရသည်။

ကြောက်စိတ်နှင့် ကစဥ့်ကလျားဖြစ်ကာ ရေကူးခဲ့ရတာကြောင့် အနောက်ပိုင်းလူရိုင်းတပ်က လူအများအပြား ရေနစ်ခဲ့ရသည်။

အနောက်ပိုင်းလူရိုင်းရဲ့ ဒုတိယမင်းသားက ခြေဗလာဖြစ်လာတာကြောင့် လွယ်ကူသည့် ပစ်မှတ်ဖြစ်လာခဲ့သည်။ သူက ယွီဖင်ယန်ရဲ့ မြှားချက်မှန်ပြီး မြင်းပေါ်က ပြုတ်ကျခဲ့သည်။ ထို့နောက် စစ်သားတွေရဲ့ ကြိုးချည်ကာဖမ်းခေါ်ခြင်းကို ခံခဲ့ရလေသည်။

တိုက်ပွဲက အလှည့်အပြောင်းဖြစ်သွားသော်လည်း ဟန်စစ်တပ်က အများကြီး ကျဆုံးဆဲဖြစ်သည်။ ဖန်းတာ့ရဲ့ သန်မာသည့် တပ်သား၅သောင်းက အထိအခိုက်မရှိသော်လည်း ယွီဖင်ယန်ဦးဆောင်သည့်တပ်က တစ်ဝက်ကျော်ဆုံးရှုံးခဲ့သည်။ အလယ်တပ်စုမှာ လူသုံးယောက်သာ ကျန်ခဲ့သည်။ ညာဘက်တပ်စုက ချုံခိုတိုက်ခံရကာ လူပေါင်းတစ်ထောင်လောက်သာကျန်သည်။ ရွှီမောက်ဦးဆောင်သည့် ဘယ်ဖက်တပ်စုကသာ လူရာချီသာ ထိခိုက်မှုရှိခဲ့တာကြောင့် အံ့ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now