အခန်း(၁၁၇)
ရွှီသခင်ကြီးက ရှင်သန်နေထိုင်လာတာ ကြာပြီမလို့ သူက ချက်ချင်း အမူအရာထိန်းကာ ရှေ့တိုးလာကာ မေးခဲ့သည်။ "ကျီချန်(ရှန်ယွမ်ချီရဲ့နာမည်) တတိယသခင်မလေး ယွီရှန်းကို ဘာလို့ခေါ်လာတာလဲ"
ရှန်ယွမ်ချီက ရှေ့တိုးလာကာ ပြောခဲ့သည်။ "ခေါင်းကိုင်အဖေ၊ ရှန်းအာက ကျွန်တော့်ညီမလေးပါ၊ ဒါကြောင့် ကျွန်တော်နဲ့လိုက်လာတာပါ"
ပန်းကန်တွေ တူတွေ ပြုတ်ကျသံတွေ ဆူညံကုန်လေသည်။
"ညီမလေးဆိုတာ ဘာကိုပြောတာလဲ"
"ရှန်းအာက အချိန်အကြာကြီး ပျောက်ဆုံးသွားတဲ့ ကျွန်တော့် ညီမလေးပါ၊ ဇာတ်လမ်းကတော့ရှည်တယ်" ရှန်ယွမ်ချီက ယွီရှန်းကို ခန်းမထဲ တွန်းခေါ်လာခဲ့သည်။ သူက ထိုင်ပြီး အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြခဲ့တော့ ရွှီမိသားစုက ဆွံ့အ သွားခဲ့သည်။ ကိစ္စရပ်တွေ အကျိုးဆက်တွေကို ပြောပြပြီးနောက် ရှန်ယွမ်ချီက ပြောခဲ့သည်။ "ဒီတစ်ခေါက် မိသားစုထဲ ပြန်ထည့်ဖို့ ရှန်းအာကို ပြန်ခေါ်လာတာပါ၊ ခေါင်းကိုင်အဖေ ဘယ်လိုထင်လဲ"
ရွှီသခင်ကြီးက ရှန်ယွမ်ချီကို မွေးစားသားအဖြစ် မွေးစားခဲ့ပေမယ့် မျိုးရိုးနာမည်ပြောင်းဖို့ မပြောခဲ့ပေ။ ထို့ကြောင့် သူ့မိသားစုအရေးကို သူဝင်စွက်ဖက်၍ မရပေ။
သူတို့နှစ်ယောက် ကြည့်နေတုန်း ယွီရှန်း ရွှီမိသားစုဝင်တွေကို မသိမသာကြည့်လိုက်သည်။ ရွှီသခင်မကြီးက ကောင်းကောင်းဖုံးကွယ်ထားပေမယ့် သူမ မျက်လုံးထဲမှာ ရွံရှာမှုနှင့် စိုးရိမ်မှုတွေ ဖြတ်ပြေးနေသည်။ သူမက ရှန်ယွမ်ချီကို သံသယ ဝင်နေတာ ဖြစ်သည်။ သခင်လေးရွှီက မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာကတည်းက ရွှီမိသားစုက ရှန်ယွမ်ချီကို မှီခိုခဲ့ရတာဖြစ်သည်။ သူက သူတို့မိသားစုရဲ့ ကြွယ်ဝမှုတွေကို လောဘမတက်ဘူးဟု အာမခံချက် မရှိပေ။
သခင်လေးရွှီက ပွင့်လင်းပြီး တောက်တောက်ပပပြုံးခဲ့သည်။ တစ်ဖက်မှာ သူက ရှန်ယွမ်ချီကို မျိုးရိုးနာမည် မတူသည့် ညီအစ်လို ဆက်ဆံသည်။ ကျန်သည့် ကိုယ်လုပ်တော်ရဲ့သားတွေက ရွှီသခင်မကြီးရဲ့ အုပ်ထိန်း သင်ပြမှုအောက်မှာနေရကာ များသောအားဖြင့် သူတို့အဆောင်မှာသာ ညစာ စားလေ့ရှိတာကြောင့် ဒီမှာ ရှိမနေပေ။