Part 63

2.2K 243 3
                                    

TYCDTN

Chapter 63

ချွင်းမိန်နှင့် တုံးစွေက လင်ရှီ သူတို့ကို ခွင့်ပြုလိုက်ကြောင်း သတင်းရလိုက်သည်။ နောက်တစ်နေ့ မနက်တွင် အဝတ်အစားကို သေသေချာချာဝတ်ဆင်ကာ အထုတ်သိမ်းပြီး အပ်ချုပ်ခန်းက ထွက်ခဲ့သည်။ ထွက်လာသည့်လမ်းမှာ အသိအစေခံတွေနှင့်တွေ့တော့ သူတို့က ရပ်ပြီး နှုတ်ဆက်စကားပြောလေသည်။

"မှူးမတ်ကြီး ဘေးမှာ မိန်းကလေးတစ်ယောက်မှ မရှိဘူး၊ အကုန်လုံးကို အစောပိုင်းနှစ် ကတည်းက မှူးမတ်ကြီးက သတ်ပစ်ခဲ့တာလို့ ပြောတယ်.."

အစေခံတွေထဲက တစ်ယောက်က လည်ပင်းဖြတ်သည့် အမူအရာကို လုပ်ပြကာ သတိပေးလေသည်။

"နင်တို့၂ယောက်လုံး ဂရုစိုက်ကြ၊ မှူးမတ်ကြီးက ယိမ်းယိုင်ဖို့ မလွယ်ဘူး၊ ဒီအလုပ်ရှိတာ ကောင်းချီးမင်္ဂလာ လား၊ ကျိန်စာလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"

နောက်ထပ်အစေခံတစ်ယောက်ကလည်း ခေါင်းညိတ်ကာ သဘောတူခဲ့သည်။

"ဟုတ်တယ် လူတွေက မှူးမတ်ကြီးကို သက်ရှိငရဲဘုရင်လို့ ခေါ်ကြတယ်၊ နေ့တိုင်း စံအိမ်ကနေ သန့်ရှင်းသပ်ရပ်စွာ ထွက်သွားလေ့ ရှိပေမယ့် ပြန်လာရင်တော့ သွေးတွေ စွန်းနေလေ့ ရှိတယ်၊ အဝတ်လျှော်အစေခံတွေဆိုရင် မှူးမတ်ကြီးရဲ့ အဝတ်တွေကို လျှော်ရမှာ ကြောက်နေကြတာ၊ မကြာခဏ ဇလုံကြီးနဲ့အပြည့် သွေးတွေဆေးရတာလေ၊ မှူးမတ်ကြီး ကြောက်ဖို့ကောင်းရတဲ့ အကြောင်းအရင်းက သူက လူတွေ အများကြီးကို သတ်ခဲ့ပြီး သူ့ဘေးမှာ မကျေမချမ်း ဖြစ်နေတဲ့ ဝိဉာဉ်တွေက သူ့ဘေးမှာ ကပ်နေပြီး ဘယ်မှမသွားလို့ လို့ ကြားဖူးတယ်၊ နင်တို့၂ယောက် ဂရုစိုက်တာ ပိုကောင်းတယ်"

ထိုအစေခံ၂ယောက်နှင့် အလွန်ရင်းနှီးသော အစေခံလေးက ကြိတ်ရယ်ကာ ပြောလေသည်။

"အင်း မစားရတဲ့ စပျစ်သီးက ချဉ်တယ် လုပ်မနေပါနဲ့၊ မှူးမတ်ကြီးရဲ့ဘေးမှာ အမျိုးသမီးတစ်ယောက်မှ မရှိဘူးဆိုတော့ ချွင်းမိန်နဲ့ တုံးစွေ့အတွက် အလားအလာ ကောင်းတာပေါ့၊ ဘယ်အမျိုးသားက တဏှာမကြီးဘဲ နေမလဲ၊ အရင်တုန်းက မှူးမတ်ကြီက ဘာမှမပြောခဲ့ဘူးဆိုတာ တတိယသခင်မလေးက စံအိမ်ကို စီမံအုပ်ချုပ် နေတာလေ၊ သူ့အတွက် မိန်းမရှာပေးဖို့ သူ့ညီမကို ပြောဖို့တော့ ခက်တယ်မလား၊ ဒီတစ်ခါတော့ သခင်မကြီးက ပြုံးပြီး သဘောတူခဲ့တာ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now