Part 97

1.7K 212 8
                                    

အခန်း(၉၇)

ကမောက်ကမ အခြေအနေမှာ မာမောမောက သူမကို အလောတကြီး နှုတ်ဆက်လိုက်သည်။ "သခင်မလေး ဘယ်လိုလုပ်ရောက်လာတာလဲ၊ နေလို့ကော အဆင်ပြေရဲ့လား။"

မှူးမတ်စံအိမ်၏ အစားအသောက်က အဆိပ်ဖြစ်တယ်ဆိုမှတော့ ယွီရှန်းက ဆက်လဲလျောင်း မနေနိုင်တော့ပေ။ ထို့ကြောင့် သူမက လူလွှတ်ကာ အခြေအနေ စုံစမ်းခိုင်းခဲ့ပြီး အနောက်တံခါးကနေ လူလွှတ်ကာ အစွမ်းရှိဆေးဆရာဖူကို သွားရှာခိုင်းခဲ့သည်။ သူမက ဆေးမြစ်တွေ စိုက်ပျိုးသည့်နေရာတွင် တော်တာကြောင့် အစွမ်းရှိဆေးဆရာဖူက မှူးမတ်စံအိမ်၏ ဘေးအိမ်ကိုဝယ်ခဲ့ကာ သူရရှိခဲ့သည့် ရှားပါးအပင်တွေကို ယွီရှန်းကို စောင့်ရှောက်ခိုင်းခဲ့သည်။

အစွမ်းရှိဆေးဆရာဖူက အခြေခံနိယာမတွေကို အလေးပေးသော်လည်း သူက သာမာန်ပြည်သူ မဟုတ်ပေ။ သူ့ရဲ့ ကုသဆွေးနွေးခက စျေးကြီးရုံသာမက သူထွင်ထားသည့်ဆေးရဲ့တန်ဖိုးတွေကလည်း ကြက်သေသေသွားနိုင်လောက်သည်။ သူ့ရဲ့ ဆရာသခင်က နိုင်ငံကိုစတင်တည်ထောင်သည့် မင်းဆက်ကို ကယ်တင်ခဲ့တာကြောင့် လူတွေက သူ့ကို မထိပါးရဲဘဲ သူ့ရဲ့ အံ့ဖွယ်ဆေးတွေကို လိုချင်ကြသည်။ ဘုရင်ကြီး ချန်ကန်းလည်း ရောဂါကြိုတင်ကာကွယ်သည့်ဆေးတွေနှင့် တခြားဆေးပုလင်းတွေလိုချင်ပါက ငွေတွေအများကြီး သုံးကာ ဝယ်ခဲ့ရသည်။

အခု ယွီရှန်း သူ့ဆီ အကူအညီသွားတောင်းခဲ့တော့ သူက ပိုက်ဆံယူဖို့ ငြင်းဆိုခဲ့ပြီး ထိုအစား ယွီရှန်းကို သူ့ဥယျာဥ်ကို ၃နှစ်ပြုစု စောင့်ရှောက်ပေးစေခဲ့သည်။ အစေခံဆီက တင်ပြချက် ပြန်ကြားလိုက်ရတော့ ယွီရှန်းက အံကြိတ်ကာ သဘောတူခဲ့သည်။ ထိုအခါမှ ယွီရှန်းက ရှီကျောက် အဆိပ်ဖြေဆေးနှင့် မျက်နှာအားဖြည့်သည့်နှင်းစက်ခရင်(မ်) ရရှိခဲ့သည်။ ထို့နောက် သူမက လူလွှတ်ကာ ပဲစေ့ပြုတ်ရည် သွားကျိုခိုင်းခဲ့ပြီး သွားပို့ခဲ့သည်။

"ကျွန်မတို့ မှူးမတ်စံအိမ်က ဒီကလူတွေနဲ့ ဘာရန်စမှ မရှိသလို အသက်၁၅နှစ်ပြည့်ပွဲမှာ ဒီလို မဖွယ်မရာ ကြံစည်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ဖျက်စီးတာနဲ့ အတူတူပဲမလား၊ ဒါက ယုတ်မာတဲ့စိတ်နဲ့ကုန်သည်က မကောင်းတဲ့ ချိုချဥ်ခြောက်ကို ကျွန်မတို့ အစေခံကို လိမ်ရောင်းလို့ ဖြစ်ရတာပါ၊ ဒါကို တွေးမိလား လူကြီးမင်းတို့၊ အကယ်၍ ဒါတွေကိုသာ မတည်ခင်းပေးခဲ့ရင် အကုန်လုံးကို ကျွန်မ အဖွားက စားမိသွားမှာ၊ အခုလို လူတိုင်း စားမိသွားတာက အဖွားရဲ့ ကံဆိုးမှုကို တားဆီးလိုက်တာပါပဲ၊ ယွီရှန်းက တကယ်အားနာစိတ်နဲ့ ကျေးဇူးလည်း တင်မိပါတယ်၊ ဒါက အစွမ်းရှိဆေးဆရာဖူ ဖော်စပ်ထားတဲ့ ရှီကျောက် အဆိပ်ဖြေဆေးပါ၊ အိမ်ရှေ့စံမင်းသမီးနှင့် ကျန်လူတွေ သုံးဆောင်လိုက်ပါဦး၊ လည်ပင်းပူတာ သက်သာဖို့ ပဲရည်လည်း သုံးဆောင်ကြပါဦးရှင့်။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now