Part 126

1.8K 184 1
                                    


အပိုင်း(၁၂၆)

အနောက်ပိုင်းလူရိုင်း ဒုတိယမင်းသားက မိဖုရားကြီးယွမ်ရဲ့ သားဖြစ်ကာ ဘုရင်ကြီးနှင့် မိဖုရားကြီးရဲ့ အလွန် အလိုလိုက်ခြင်းခံရသည့် ကလေးဖြစ်သည်။ သူက ပထမဆုံး တိုက်ပွဲမှာတင် ဟန်စစ်တပ်ကို အနိုင်ယူကာ မြို့နှစ်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ဒါ့အပြင် သူက စစ်ဘုရင် ယွီဖင်ယန်ကိုပါ သတ်နိုင်ခဲ့တာကြောင့် သူသာ အသက်ရှင်လျက် ပြန်လာပါက ထီးနန်းက သူ့အပိုင်ဖြစ်သွားနိုင်သည်။

ထို့ကြောင့်ပဲ ပထမမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့က အင်အားပြကာ ပုန်ကန်ထကြွခဲ့ကြခြင်းဖြစ်သည်။ သူတို့တွေက အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ ယွီဖင်ယန်က ဒုတိယမင်းသားကို ဖမ်းထားသည်ဟူသော သတင်းက သူတို့ဆီ ရောက်သည့်အချိန်မှာ အလွန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ တော်ဝင်မင်းသားတွေက သွေးချောင်းစီးသည့် စစ်မြေပြင်ဖြစ်အောင် ဖန်တီးလိုက်ပြီဖြစ်တာကြောင့် ပြန်သင့်မြတ်ဖို့ မဖြစ်နိုင်တော့ပေ။ အကျိုးဆက်ကြောင့် အနောက်ပိုင်းလူရိုင်းစုတွေရဲ့ အခုခြေအနေက စုတ်ပြတ်ခဲ့သည်။

'မင်းဖျားနေတဲ့အချိန် ငါသတ်မှာ'ဟူသည့် ဆိုရိုးအတိုင်း ယွီဖင်ယန်က အချိန်ကိုက် သူ့တပ်တွေကို စေလွှတ်ခဲ့သည်။ အနောက်ပိုင်းလူရိုင်းတွေရဲ့ တော်ဝင်ခုံရုံးကို ချေမှုန်ူပြီး အနောက်ပိုင်းလူရိုင်းတွေရဲ့ ဘုရင်ကြီး၊ မိဖုရားကြီး၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ရဲ့ ခေါင်းတွေကို ဖြတ်ယူခဲ့သည်။ စစ်ရှုံးသည့် ပထမမင်းသားက သူ့ရဲ့ကျန်ရှိသည့်တပ်ကို ဦးဆောင်ကာ ကန္တာရဆီ တပ်ဆုတ်သွားခဲ့သည်။ သူရဲ့ အရင်က ကျော်ကြားသည့်ဂုဏ်သတင်းကို ပြန်အဖတ်ဆယ်ဖို့ဆိုရင် အချိန် ဆယ်စုနှစ်တွေထိကြာလိမ့်မည်။

စစ်ပွဲကြီး ပြီးဆုံးပြီးနောက် ယွီဖင်ယန်ကတပ်သားတွေကို ဆုချခဲ့ပြီး ဘုရင်ကြီး ချန်ကန်းဆီ သူ့ရဲ့ အောင်မြင်မှုကို လျှို့ဝှက်စာပို့ကာ အကြောင်းကြားခဲ့သည်။ ဘုရင်ကြီး ချန်ကန်းက လျှို့ဝှက်နဂါးကြေးခွံတပ်ခွဲကနေ လျှို့ဝှက်စာရလိုက်တော့ အလွန်စိတ်ကျေနပ်သွားပြီး မြို့တော်ကိုလာဖို့ ချက်ချင်း အမိန့်ပေးခဲ့သည်။ သို့ပေမယ့် သူက ထိုသတင်းကို အပြင်ကို မကြေငြာခဲ့ပေ။ အကျဥ်းချခံထားရသည့် အိမ်ရှေ့စံဆီသာ တိတ်တဆိတ်လူလွှတ်ကာ သတင်းပေးခိုင်းခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now