Part 89

1.8K 225 5
                                    

TYCDTN

Chapter 89

ကျုံရှီရဲ့ကိစ္စကိုရှင်းပြီးနောက် ဘုရင်ကြီးက ပုန်းနေသည့် ယွီမောက်ချီကို ညွှန်ပြကာပြောလေသည်

"ဒါက သီလရှင်ကြီးကုန်ရဲ့ တပည့်ဆိုပြီး မကြာခင်ကမှ ပြန်ရောက်တဲ့ မယ်မင်းရဲ ဒုတိယမြေးမလား"

သီလရှင်ကြီးကုန်ရဲ့တပည့်။ ဘယ်တုန်းကဖြစ်ခဲ့တာလဲ။ မဒမ်အိုကြီးက သာမာန်ဖြစ်စဥ်တွေကို စိတ်မဝင်စားတော့ဘဲ များစွာသောမိသားစုတွေနှင့်လည်း အဆက်အသွယ် မရှိတာကြာပြီဖြစ်တာကြောင့် လင်ရှီတို့သားမိဖြန့်ထားသည့် သတင်းကို သူ(မ) မသိပေ။ ယွီမောက်ချီရဲ့ အကြောင်းကို ကောင်းကောင်းသိသည့် ဘုရင်ကြီးကိုယ်တိုင်က ထုတ်မေးလာတော့ အရှက်ကွဲမှုကို ဖော်ပြလို့တောင်မရပေ။

ဒီကိစ္စက ယွီမောက်ချီ၏ ဘဝင်မြင့်သည့် လိမ္မာပါးနပ်မှုဟု ယူဆနိုင်သော်လည်း ဘုရင်ကြီးကိုလှည့်စားမိပါက ဒုက္ခကြီးမည်။

မဒမ်အိုကြီးက နဖူးတွေ ချွေးတွေပျံနေတုန်း ယွီမောက်ချီက ပြုံးကာ အရိုအသေပေးပြီး ပြန်ဖြေလေသည်

"အရှင်မင်းကြီး ကျွန်တော်မျိုးမက သီလရှင်ကြီးကုန်ရဲ့ သင်ကြားပို့ချမှုတွေကို နားထောင်ဖို့ ရက်အနည်းငယ်ပဲ နေခဲ့တာပါ၊ သီလရှင်ကြီးရဲ့ တပည့်လို့တော့ ခေါ်လို့ရပါတယ်"

အစတုန်းက သူ(မ)က သီလရှင်ကြီးကုန်ရဲ့ တပည့်လို့ အတိအလင်းမဆိုရဲသော်လည်း သဲလွန်စတချို့ပေးပြီး မျိုးရိုးမြင့်အမျိုးသမီးတွေရဲ့ မှန်းဆချက်ကြောင့် သတင်းကပိုကြီးသွားခဲ့သည်။ အခု သူ(မ)က အမှန်အတိုင်းပြောနေပြီး တခြားလူတွေအတွက် တော်ရုံတန်ရုံဖြစ်မည်မဟုတ်ပေ။ သီလရှင်ကြီးကုန်က ဘုရင်ကြီးရဲ့ အစ်မကြီးအရင်းဖြစ်ပြီး အနာဂတ်မှာ မောင်နှမ၂ယောက် ထိုအကြောင်းပြောဖြစ်ခဲ့ရင်တောင် ထင်ကြေးအဖြစ်သတ်မှတ်နိုင်ပြီး ဘုရင်ကြီးကိုလှည့်စားကြောင်း သံသယဝင်ခံရမည်မဟုတ်ပေ။

ဘုရင်ကြီးချန်ကန်းရဲ့မျက်နှာက အနည်းငယ် အေးစက်သွားပြီး နူးညံ့လှသည့် အိမ်ရှေ့စံတောင် မျက်မှောင်ကြုပ်သွားပြီး ဒီမိန်းကလေးက ယုတ်ညံ့ပြီး အကြံအစည်တွေ များလွန်းတယ်ဟု မပီမသရေရွတ်ခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now