Part 106

1.6K 194 2
                                    


အခန်း(၁၀၆)

လင်ရှီက သူမရဲ့ကွယ်လွန်သွားသည့်ခင်ပွန်းရဲ့ ကမ္ဗည်းတိုင်ကို ယူသွားချင်ပေမယ့် မာမောမောကတားမြစ်ခဲ့ပြီး သူမက မှူးမတ်ကြီးနှင့် ဘာမှမသက်ဆိုင်တော့ဘဲ ဇနီး မဟုတ်တော့တာကြောင့် ပူဇော်ဖို့မလိုကြောင်း ပြောခဲ့လေသည်။ ထိုစကားကြောင့် လင်ရှီက အသည်းအသန်ငိုကြွေးခဲ့ပြီး အထုပ်အပိုးတွေသိမ်းကာ ထွက်သွားခဲ့သည်။

ယွီမောက်ချီက သူမနှင့် ရထားလုံးထဲထိုင်နေပြီး ယွီဖင်ယန်က မြင်းစီးကာ အရှေ့ကနေဦးဆောင်သွားနေခဲ့သည်။ လင်စံအိမ်ကိုပြန်ရမည့်အစား သူတို့က တောင်ဘက်ဂိတ်လမ်း လင်ကျီမင်း(လင်ရှီရဲ့မောင်လေးအရင်း) ရဲ့ခြံလေးဆီကိုသွားနေခဲ့သည်။

လင်ရှီရဲ့အေးစက်နေသည့်လက်ကိုကိုင်ကာ ယွီမောက်ချီက သိုသိုသိပ်သိပ်မေးခဲ့လေသည်။ "အမေ ဦးလေးငယ်က မှီခိုလို့မရဘူးလေ ဘာလို့ ဦးကြီး(လင်ရှီအဖေရဲ့ကိုယ်လုပ်တော်ကမွေးသည့်သား) ကို သွားမရှာတာလဲ၊ အမေက မှူးမတ်ကြီးရဲ့ဇနီးမဟုတ်တော့ပေမယ့် သမီးက မှူးမတ်စံအိမ်မှာရှိတုန်းပဲလေ၊ သမီးကြောင့် သူတို့အမေ့ကို ဘာမှမလုပ်ရဲပါဘူး။" သူမက သူမအတွက်သာ သူမ တွေးနေတာဖြစ်၏။ လင်ရှီကို လင်စံအိမ်ကိုပြန်ပို့မှ လင်ဦးလေးကြီးနဲ့ တွဲဖက်မိပြီး လင်မိသားစုရဲ့ကြွယ်ဝမှုကိုသုံးပြီး အကူအညီရယူချင်တာဖြစ်သည်။

လင်ရှီက ခေါင်းခါပြခဲ့သည်။ "ဦးကြီးကိုသွားရှာလို့မရဘူး၊ အမေ မှူးမတ်ကြီးနဲ့ကွာရှင်းခဲ့တာသိရင် မကူညီပေးတဲ့အပြင် အမေ့ကို ဖိနှိပ်မှာ၊ ဦးကြီးကိုသွားရှာလို့မရဘူး။" သူမက ထပ်ငြင်းဆန်ခဲ့သည်။

ယွီမောက်ချီက သက်သောင့်သက်သာမရှိသလို ခံစားလိုက်ရသည်။ "အမေ သူအမေ့ကို မကျေနပ်အောင် မုန်းအောင် အမေဘာတွေများလုပ်ခဲ့တာလဲ၊ ဘာပဲဖြစ်ဖြစ် အမေက ဆင်းရဲချမ်းသာကို အတူတူဖြတ်သန်းရမယ့် မိသားစုမျိုးရိုးတစ်ခုတည်းကပဲလေ။"

လင်ရှီက အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးမှ ပွင့်ပွင့်လင်းလင်းပြောခဲ့လေသည်။ "မိသားစုရဲ့ပိုင်ဆိုင်မှုကိုရဖို့အတွက် နင့်ဦးလေးငယ်နဲ့ အမေပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဦးလေးကြီးရဲ့အကြီးဆုံးသားကို သေသွားစေခဲ့တယ် ဒါကြောင့်..."

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now