Part 59

4.1K 374 10
                                    

TYCDTN

Chapter 59

အခန်းထဲသို့ ဝင်ပြီးနောက် ယွီဖင်ယန်က လင်ရှီကိုကော ယွီမောက်ချီကိုပါ မကြည့်ခဲ့ပေ။ သူက ခါးကိုင်းကာ ယွီရှန်းကို ပေါင်ပေါ်ပွေ့တင်ကာဖက်လိုက်ပြီး မဒမ်အိုကြီးကို နှုတ်ဆက်လိုက်သည်။ ယွီရှန်းကတော့ သူ့ကို မြေပဲအခွံခွာထားတာ ကျွေးပြီး အခွံဆက်ခွာနေသည်။

"တစ်နေကုန် မြေပဲစံတွေ၊ ကွာစေ့တွေစားမနေနဲ့၊ ကိုယ်တွင်း အပူများလိမ့်မယ်"

ယွီဖင်ယန်က မြေပဲပန်းကန်ကို ယူကာ မာမောမောကို ယူထုတ်သွားခိုင်းပြီး အမိန့်ပေးလေသည်။

"သခင်မလေးအတွက် လက်ဖက်ရည်ခါး ငှဲ့လာခဲ့"

မာမောမောက လေသံတိုးဖြင့်ဖြင့် ပြန်တုံ့ပြန်လိုက်ချိန်မှာ သခင်မလေးရဲ့ အသံကို ကြားလိုက်ရလေသည်။

"လက်ဖက်ရည်က ခါးတယ် သကြား၂ဇွန်းထည့်ခဲ့"

အစ်ကိုဖြစ်သူ မျက်မှောင်ကြုတ်နေတာ တွေ့တော့ အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်။

"မဟုတ်ဘူး မဟုတ်ဘူး သကြား၁ဇွန်းပဲ"

အစ်ကိုဖြစ်သူက မျက်မှောင် မပြေလျော့သေးတာမလို့ ထပ်ပြောလေသည်။

"ဇွန်းတစ်ဝက်ပဲထည့်"

စကားပြောပြီးနောက် သူမက လက်လေးဆန့်ထုတ်ကာ အစ်ကိုဖြစ်သူရဲ့ရင်ဘတ်ကို တို့ထိလိုက်သည်။

ယွီဖင်ယန်က ဆက်ခက်ထန်နေလို့ မရတော့တာကြောင့် အကူအညီမဲ့စွာ ပြောလေသည်။

"ဒါဆို သကြားဇွန်းတစ်ဝက်ထည့်လိုက်"

သူက လက်မဖြင့် ယွီရှန်းရဲ့ နှုတ်ခမ်းကို ပွတ်ကာ စိတ်ထဲက တွေးလေသည် သူ အဲလောက် ချိုမြနေတာလည်း မဆန်းပါဘူး သကြား အရမ်းကြိုက်တာကို။ ပြီးတော့ ဘယ်အချိန်မှာ ဉာဏ်အလင်းပွင့်ပြီး သူ့ကို ဝါးမြိုခွင့်ပြုမှာလဲ။

ခန်းမထဲမှာ ကတောက်ကဆ ဖြစ်နေသော်လည်း အချစ်ငှက်၂ကောင်ကို နှစ်ပေါင်းရာချီ ကျင့်ကြံထားသလို အမှုမထားပေ။ မဒမ်အိုကြီးက ခေါင်းခါကာ ရယ်ရင်း စိတ်အခြေအနေ ပိုတိုးတက်လာခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now