Part 96

2.3K 223 4
                                    

အခန်း(၉၆)

ပွတ်သပ်နှိပ်နယ်ပေးခြင်းက သူမကို ပိုသက်သောင့်သက်သာရှိစေပြီး လက်ဖဝါးက အပူချိန်က ရေနွေးပုလင်းထက် ပိုအသုံးဝင်သည်။ ယွီရှန်းက ယွီဖင်ယန်ကို ဒေါသတကြီးကြည့်နေပေမယ့် သူ့ရဲ့ပွေ့ဖက်မှုထဲမှာ နာခံစွာ နေနေသည်။

ယွီဖင်ယန်က နှစ်ယောက်လုံးကို စောင်လုံအောင် ဆွဲခြုံလိုက်တော့ ယွီရှန်းက ခေါင်းပြူထွက်လာသည်။ သူက ပြုံးကာ သူမ အုံးအိပ်ရအောင် လက်တစ်ဖက်ဆန့်ပေးလိုက်ပြီး နောက်လက်တစ်ဖက်က သူမရဲ့ခါးကိုဖက်ကာ အနားရောက်အောင် ဆွဲယူပွေ့ဖက်ဖို့လုပ်လိုက်သည်။

ပထမဆုံး ဓမ္မတာက အလွန်အကျွံဆင်းနေသည်။ ယွီရှန်းက အသစ်လဲထားသည့်ဘောင်းဘီနှင့် အိပ်ရာတွေ ပေသွားမှာစိုးလို့ တောင့်တောင့်ကြီးလဲလျောင်းနေသည်။ သူမ အစ်ကိုကြီးက သူမကို ဆွဲပွေ့ဖို့လုပ်နေတာသိလိုက်တော့ အော်ဟစ်လေသည်။ "ညီမလေးကို မလှုပ်နဲ့။"

"ဘာဖြစ်တာလဲ၊ ထပ်နာနေလို့လား။" ယွီဖင်ယန်က သူမကို အနားရောက်အောင် မဆွဲဖက်တော့ဘဲ ထိုအစား လက်ကို ဗိုက်နားရွှေ့ကာ ထပ်နှိပ်ပေးခဲ့သည်။

သူတစ်ချက်ဖိလိုက်တိုင်း စီးထွက်လာသည့်သွေးတွေကြောင့် ယွီရှန်း သေချင်သွားသည်။ မျက်နှာကြီး နီရဲစွာ သူမက အော်ထုတ်လေသည်။ "ညီမလေးကို လှုပ်ရှားအောင်မလုပ်နဲ့လို့ ပြောထားတယ်လေ။"

ယွီဖင်ယန်က စိတ်မချမ်းမြေ့စွာ သက်ပြင်းချလိုက်သည်။ "မင်းဒီရက်တွေထဲ စိတ်ခံစားချက်တွေ ပြင်းထန်နေလိမ့်မယ်လို့ သမားတော်ပြောခဲ့တာ တကယ်မှန်တာပဲ၊ လိမ္မာတယ်နော် အလကားနေရင်း ဒေါသထွက်မနေနဲ့၊ နှိပ်နယ်ပေးရင် ပိုကောင်းသွားလိမ့်မယ်။" သူက စကားပြောရင်း ဆက်နှိပ်ပေးခဲ့သည်။

ယွီရှန်းက မျက်နှာကိုအုပ်ကာ ညည်းညူလိုက်ပြီး အပင်ရဲ့ပြာက မစုပ်ယူနိုင်တော့သလို ခံစားနေရသည်။ သူမက ယွီဖင်ယန် နားနားကပ်ကာ ရှက်ရွံ့စွာ တီးတိုးပြောခဲ့သည်။ "ညီမလေးနဲ့ မလှုပ်နဲ့၊ တစ်ခါဖိရင် သွေးတွေက မြစ်ရေလို စီးဆင်းနေတာ၊ အစ်ကိုကြီးရဲ့ အင်္ကျီကို ထပ်ပေမိမှ အပြစ်မတင်နဲ့နော်။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now